ဘေးကင်းရာ တိမ်းရှောင်ခြင်း
မကြုံစဖူး ရေတွေကြီးလာတာ ဒါမှမဟုတ် အလွန်ပြင်းထန်တဲ့ ငလျင်ကြီး လှုပ်ခတ်တဲ့အခါ ဘေးကင်းရာကို ဘယ်လို တိမ်းရှောင်ပါမလဲ။ စပိန်ကလာတဲ့ Mandy ဟာ ဘေးအန္တရာယ်ကာကွယ်ရေး အထူးကျွမ်းကျင်သူ Hori Itaru နဲ့အတူ မြို့ထဲကို လှည့်ပတ် သွားပြီး လူတွေ အန္တရာယ် ကျရောက်ချိန်မှာ ဘေးကင်းစွာ ဘယ်လို တိမ်းရှောင်မလဲ ဆိုတဲ့ အချက်တွေကို လေ့လာခဲ့တာ နားဆင်ပါ။ (၂၀၂၁ ခုနှစ်၊ သြဂုတ်လ ၁၈ ရက်နေ့က ထုတ်လွှင့်ခဲ့တဲ့ အစီအစဉ် ဖြစ်ပါတယ်။)
ယာယီတိမ်းရှောင်ရေးနေရာ အဖြစ် သတ်မှတ်ထားတဲ့ ဒီပန်းခြံမှာ ဘေးအန္တရာယ်ဖြစ်ချိန်မှာ အသုံးပြုဖို့ ရေဘုံဘိုင်တစ်ခု ရှိပါတယ်။
ရေကြီးမှုနဲ့ ရွံ့မြေပြိုမှု တွေအတွက် ဂျပန်မှာ သတိပေးချက် အဆင့် ၅ ဆင့် ရှိပါတယ်။
ငလျင်လှုပ်ပြီးတဲ့နောက် တိမ်းရှောင်တဲ့အခါ ဘေးကင်းတဲ့လမ်းကြောင်း ကိုရွေးရပါမယ်။ ကျနေတဲ့ မှန်ကွဲတွေကြောင့် ထိခိုက်ဒဏ်ရာရနိုင်တာမို့ မှန်တွေနဲ့အပြည့် တပ်ဆင်တည်ဆောက်ထားတဲ့ အဆောက်အအုံတွေနားကို မသွားပါနှင့်။
ဘေးအန္တရာယ် ကျရောက်ချိန်မှာ ဒီထိုင်ခုံတွေက အိမ်သာ အဖြစ် အမြန်ပြောင်းလဲနိုင်ပါတယ်။