
ဒီတစ်ပတ်မှာတော့ သောတရှင်တို့စောင့်မျှော်နေတဲ့ ဂျပန့်ရိုးရာ ဇာတ်ပြော အနုပညာ လာကုဂိုးဇာတ်လမ်း နဲ့အတူ "ကလေးတို့ နားဆင်စရာ ဂျပန်ရိုးရာပုံပြင်" ကဏ္ဍကို တင်ဆက်မှာ ဖြစ်ပါမယ်။ ပထမဆုံး "အိုးသူခိုး" လို့ အမည်ပေးထားတဲ့ လာကုဂိုးဇာတ်လမ်းကို နားဆင်ရမှာ ဖြစ်ပါတယ်။ အဲဒီနောက် NHK WORLD-JAPAN က ကိုငယ်နဲ့ ကေသွယ်တို့တင်ဆက်မယ့် "ကလေးတို့ နားဆင်စရာ ဂျပန်ရိုးရာပုံပြင်" ကဏ္ဍမှာတော့ "လျှာဖြတ်ခံရတဲ့ စာကလေး" ဆိုတဲ့ ပုံပြင်ကို နားဆင်ကြရပါမယ်။ ပုံပြင်လေးကို နားထောင်ရင်းနဲ့ အဲဒီထဲက အိုနိုမာတိုပဲ စကားလုံးတွေကိုလည်း လေ့လာမှတ်သားနိုင်မှာမို့ စောင့်မျှော်နားဆင်ကြပါနော်။