
NHK WORLD-JAPANမှ ရုပ်မြင်သံကြားအစီအစဉ်တွေကို VODဗီဒီယိုများအဖြစ်နဲ့ အွန်လိုင်းကနေ ကြည့်ရှု နိုင်အောင်စီစဉ်ထားပါတယ်။ အခန်းဆက်ရုပ်မြင်သံကြားဇာတ်လမ်းများ၊ ခရီးသွားအစီအစဉ်များ၊ သတင်း အစီအစဉ်များ၊ မှတ်တမ်းရုပ်မြင်သံကြားဇာတ်လမ်းများ အားလုံး စုစုပေါင်း၂၀၀၀ ဝန်းကျင်ကို အွန်လိုင်းမှာ အခမဲ့ ကြည့်ရှုနိုင်ပါတယ်။ အွန်လိုင်းစာမျက်နှာမှာ ပြသထားတဲ့ ရုပ်သံအစီအစဉ်အများစု ကို closed caption နဲ့ အင်္ဂလိပ် စာတန်းထိုးထားပြီး အစီအစဉ်ဇာတ်ညွှန်းကိုလည်းလိုင်းပေါ်မှာ စာသားနဲ့ဖတ်လို့ရပါတယ်။ web Browser အမျိုးအစား အပေါ်မူတည်ပြီး အလိုအလျောက် ဘာသာပြန်စာတန်းထိုးတဲ့ feature ပါတာကိုသုံးရင် အွန်လိုင်းပေါ်မှာ ဘာသာစကားအမျိုးမျိုးကို တိုက်ရိုက်ပြောင်းပြီး အစီအစဉ်များကို ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။