
ရုပ်ရှင်သရုပ်ဆောင် အဆိုတော် တစ်ဦးဖြစ်တဲ့ မိုရိဆာကီဝင်းကို မြန်မာနိုင်ငံ ရန်ကုန်မြို့မှာ မွေးဖွားခဲ့ပြီး ၁၀ နှစ်သားအရွယ်မှာ ဂျပန်နိုင်ငံကို ရောက်လာခဲ့ပါတယ်။ သူဟာ မြန်မာ၊ ဂျပန်နဲ့ အင်္ဂလိပ်ဘာသာစကားကို ကျွမ်းကျင်စွာ ပြောနိုင်သူဖြစ်ပြီး ဂီတစင်မြင့်ပေါ်မှာတင်သာမက ဂျပန်နဲ့ ဟောလိဝုဒ်ရုပ်ရှင်လောက နှစ်ခုစလုံးမှာပါ ကျော်ကြား သူဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ လည်း နာမည်ကျော် တဲ့ အနုပညာရှင်တစ်ဦးပါ။
၂၀၁၁ခုမတ်လ၁၁ရက် မှာ ဂျပန်နိုင်ငံအရှေ့ပိုင်းဒေသငလျင်ကြီး ဖြစ်ပွားခဲ့တာကြောင့် ပျောက်ဆုံးသူနဲ့ အသက်ဆုံးရှုံး သူပေါင်း ၁၈၄၀၀ ရှိခဲ့ပါတယ်။ NHKက ၂၀၁၂မှာတော့ ပြန်လည်ထူထောင်ရေး ခွန်အားပေးတေးသီချင်း "Hana wa Saku"(ပန်းတွေပွင့်တော့မည်) ကို ဖန်တီးထုတ်လုပ်ခဲ့ပါတယ်။ ဒီသီချင်းနဲ့ သဘာဝဘေးကြောင့် ဒုက္ခရောက်သူတွေနဲ့ ပြန်လည်ထူထောင်ရေး အတွက် ကြိုးစားနေတဲ့ ဒေသတွေကို အားပေးလာခဲ့ပါတယ်။ NHK WORLD-JAPAN က ပြန်လည်ထူထောင်ရေး အတွက် တေးသီချင်း "Hana wa Saku"(ပန်းတွေပွင့်တော့မည်) ကို ဘာသာပေါင်းစုံနဲ့ အားလုံးကို ခွန်အားပေး နိုင်ဖို့အတွက် ၂၀၂၁မှာ အသစ်ဖန်တီးထုတ်လုပ်လိုက်ပါပြီ။