
၂၀၁၁ခုမတ်လ၁၁ရက် မှာ ဂျပန်နိုင်ငံအရှေ့ပိုင်းဒေသငလျင်ကြီး ဖြစ်ပွားခဲ့တာကြောင့် ပျောက်ဆုံးသူနဲ့ အသက်ဆုံးရှုံး သူပေါင်း ၁၈၄၀၀ ရှိခဲ့ပါတယ်။ NHKက ၂၀၁၂မှာတော့ ပြန်လည်ထူထောင်ရေး ခွန်အားပေးတေးသီချင်း "Hana wa Saku"(ပန်းတွေပွင့်တော့မည်) ကို ဖန်တီးထုတ်လုပ်ခဲ့ပါတယ်။ ဒီသီချင်းနဲ့ သဘာဝဘေးကြောင့် ဒုက္ခရောက်သူတွေနဲ့ ပြန်လည်ထူထောင်ရေး အတွက် ကြိုးစားနေတဲ့ ဒေသတွေကို အားပေးလာခဲ့ပါတယ်။ NHK WORLD JAPAN က ပြန်လည်ထူထောင်ရေး အတွက် တေးသီချင်း "Hana wa Saku"(ပန်းတွေပွင့်တော့မည်) ကို ဘာသာပေါင်းစုံနဲ့ အားလုံးကို ခွန်အားပေး နိုင်ဖို့အတွက် ၂၀၂၁မှာ အသစ်ဖန်တီးထုတ်လုပ်လိုက်ပါပြီ။