#43 ကျန်းမာတဲ့ ပုံပဲနော်။

လွယ်ကူသောဂျပန်စကား Easy Japanese

3မိနစ် 00စက္ကန့်
ထုတ်လွှင့်သည့်ရက် မတ်လ 12, 2019 ကြည့်ရှုနားဆင်နိုင်မည့် နောက်ဆုံးရက် မတ်လ 31, 2025

မြင်တွေ့တာအပေါ် ကိုယ့်ရဲ့ ထင်မြင်ချက်ကို ပြောပြတဲ့အခါ "na" နဲ့ဆုံးတဲ့ နာမဝိသေသနဆိုရင် "na"ကိုဖြုတ်၊ "i" နဲ့ဆုံးတဲ့ နာမဝိသေသနဆိုရင် "i" ကိုဖြုတ်ပြီး "soo desu ne" ကို ပေါင်းထည့်ပါ။ "Genki soo desu ne" ဆိုတာက "ကျန်းမာတဲ့ ပုံပဲနော်" ဆိုတဲ့ အဓိပ္ပာယ်ပါ။

အစီအစဉ်မိတ်ဆက်