အနှစ်သက်ဆုံး ဂျပန် - မြန်မာနိုင်ငံ သံအမတ်ကြီး

ယှက်နွှယ်နေသော ယဉ်ကျေးမှုများ Culture Crossroads

15မိနစ် 00စက္ကန့်
ထုတ်လွှင့်သည့်ရက် မတ်လ 22, 2020 ကြည့်ရှုနားဆင်နိုင်မည့် နောက်ဆုံးရက် မတ်လ 22, 2022

ဒီအစီအစဉ်မှာ ဂျပန်နိုင်ငံမှာ တာဝန်ကျတဲ့ သံအမတ်ကြီးတွေ ဘာတွေကို စိတ်ဝင်စားကြသလဲဆိုတာပေါ်မှာ အခြေခံပြီး ဂျပန်ရဲ့ ဆွဲဆောင်မှုရှိတဲ့ အရာတွေကို ပြန်လည်ဖော်ထုတ်တင်ပြပေးနေတာပါ။ ပထမဆုံးအပိုင်းမှာတော့ လွန်ခဲ့တဲ့ အနှစ် ၂၀ ကျော်က တတိယအတွင်းဝန်အဖြစ် ဂျပန်မှာပထမအကြိမ်တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ မြန်မာနိုင်ငံ သံအမတ်ကြီး ဦးမြင့်သူဟာ သူ့ရဲ့ဒုတိယမွေးရပ်မြေဖြစ်တဲ့ ခိတကျူးရှူးမြို့ကို သွားလည်ထားပါတယ်။ ဂျပန်မှာ မြန်မာပြည်က စေတီပုံစံအတိုင်းတည်ထားတဲ့ တစ်ဆူတည်းသော ဗုဒ္ဓဘာသာစေတီနဲ့ မိတ်ဆက်ပေးပြီး ဒေသထွက် အစားအစာတွေလည်း သုံးဆောင်ပါမယ်။ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအကြားက သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှုကို စပြီး သတိထားလာကြပြီဖြစ်တဲ့ မြန်မာမှာ မိတ်ဆက်ပေးချင်တဲ့ စရိတ်နည်း ရေသန့်စင်စနစ်ကို လည်း တွေ့ရမယ့်အပြင် သူ့ရဲ့ကရာတေးအစွမ်းကိုလည်း ပြထားပါတယ်။

အစီအစဉ်မိတ်ဆက်