#6 ခွင့်ပြုချက်ရယူခြင်း

အလုပ်ထဲက လွယ်ကူတဲ့ဂျပန်စကား Easy Japanese for Work

15မိနစ် 00စက္ကန့်
ထုတ်လွှင့်သည့်ရက် မတ်လ 27, 2019 ကြည့်ရှုနားဆင်နိုင်မည့် နောက်ဆုံးရက် မတ်လ 31, 2025

အခုတစ်ကြိမ်ကတော့ ခွင့်ပြုချက်ရယူခြင်းပါ။ ဗီယက်နမ်က Tran Van Vuong ဟာ အားကစားပစ္စည်း ထုတ်လုပ်တဲ့ကုမ္ပဏီမှာ ငါးမျှားတံ ဒီဇိုင်းကို ရေးဆွဲနေသူဖြစ်ပါတယ်။ သူ့ကုမ္ပဏီရဲ့ ဂျပန် ရုံးချုပ်ကို ၂၀၁၈ ခုနှစ်မှာ ပြောင်းရွှေ့လာကတည်းက Vuong-san ဟာ ဝန်ထမ်းတွေအကြားမှာ လူချစ်လူခင် များသူ ဖြစ်လာခဲ့ပါတယ်။ ဒါပေမဲ့ ခွင့်ပြုချက်ရယူတဲ့အခါ yoroshii ဆိုတဲ့စကားလုံးက ပိုပြီး သင့်လျော်တဲ့အနေအထားမှာ သူက daijoobu ဆိုတဲ့စကားကို သုံးလေ့ရှိပါတယ်။ Vuong-san က အလုပ်ခွင်ပုံစံ သရုပ်ပြ လေ့ကျင့်မှုနဲ့ ခွင့်ပြုချက်ရယူနည်းကို လေ့လာပါမယ်။ ဒီကနေ့အတွက် ခန်းဂျီးစာလုံးက “sakini” ဖြစ်ပါတယ်၊ After 5! ကဏ္ဍမှာတော့ suupaa sentoo အများသုံး ရေချိုးခန်းကို သွားပါမယ်။

အစီအစဉ်မိတ်ဆက်