နွေဦး၏ပြောင်းလဲမှုများ ဖုခုရှီးမား၏ဆာမူရိုင်းတိုင်းပြည်

Train Cruise

44မိနစ် 00စက္ကန့်
ထုတ်လွှင့်သည့်ရက် ဇွန်လ 5, 2021 ကြည့်ရှုနားဆင်နိုင်မည့် နောက်ဆုံးရက် မတ်လ 31, 2024

ကျွန်တော်တို့အိုင်းဇုရထားလိုင်းနှင့် JR တဒမိရထားကိုစီးပြီး ၊ ဂျပန်နိုင်ငံအရှေ့မြောက်ပိုင်း ဖုခုရှီးမားခရိုင် အိုင်းဇုဒေသသို့တောင်များကိုဖြတ်ကျော်လျှက်ရထားဖြင့်ခရီးသွားပါမည်။ ခရီးစဥ်သည် အိုင်းဇုတာဂျီးမားမှ ဆောင်းရာသီဆိုလျှင်တစ်နေ့တည်းနှင့်တစ်မီတာကျော်သည့်နှင်းများကျသောနေရာအဖြစ် လူသိများသည့်ဒေသများသို့သွားမည့်ခရီးဖြစ်ပါသည်။ နွေဦးရာသီတွင် နှင်းများလည်းအရည်ပျော်ပြီး ၊ ပန်းများလည်းပွင့်ကာ မြစိမ်းရောင်တောင်ကြားများဖြင့် အသက်ဝင်လာပါသည်။ အိုင်းဇုသည် ၎င်း၏အပြာရင့်ရောင်အိုးထည်နှင့်မကောင်းမှုကို တွန်းလှန်ကာကွယ်ပေးသည်ဟုယုံကြည်ကြသောအနီရောင်ရိုးရာလက်မှုပစ္စည်းကြောင့်လူသိများကျော်ကြားသည်။ နွေဦးအစောပိုင်းအိုင်းဇု၏ရှုခင်းနှင့်ဆာမူရိုင်းသမိုင်းကို ခံစားပျော်မွှေ့ကြပါ။

အစီအစဉ်မိတ်ဆက်