ဘီဝရေကန်နှင့်အခြားတဖက်သို့

Train Cruise

44မိနစ် 00စက္ကန့်
ထုတ်လွှင့်သည့်ရက် ဇန်နဝါရီလ 4, 2020 ကြည့်ရှုနားဆင်နိုင်မည့် နောက်ဆုံးရက် မတ်လ 31, 2024

ကျွန်တော်တို့ကျိုတိုခရိုင်မှဘီဝရေကန်၏အနောက်ဖက်ကမ်းခြေတလျှောက်နှင့်အခြားတဖက်သို့ ကျော်ဖြတ်ပြီးဂျပန်ပင်လယ်ဖက်ရှိဆုရုငအထိအလည်အပတ်သွားပါမည်။ ဂျပန်၏အကြီးဆုံးရေကန်ကိုရေးရေးလေးမြင်ရသောဟိအဲတောင်ထိပ်သို့သွားသည့်ကေဘယ်ကားနှင့်ရုပ်ဝေးပေါ်တွင် ဆောင်းရာသီအနှာင်းပိုင်းရှုခင်းများကိုခံစားကြည့်ပါ။ ဒေသခံတို့၏ရန်ပုံငွေများဖြင့်ထောက်ပံ့ခဲ့သော၊ ယခုအခါမသုံးတော့သည့်ခိုဂျခုရထားလမ်းကိုလည်းလည်ပတ်ပြီး၊ ထိုဒေသသို့ ပြောင်းရွှေ့နေခဲ့ကြသော ပန်းပဲဆရာ၊ ရှေးဟောင်းဆိုင်ပိုင်ရှင်၊ စည်ပိုင်းလုပ်သူများနှင့်ကျွန်တော်တို့တွေ့ပါသည်။ တချိန်က ဆိုက်ဘေးရီးယားကိုဖြတ်သန်းသွားသည့်ရထားလမ်းနဲ့ အပြည်ပြည်ဆိုင်ရာရထားနှင့်သင်္ဘောဆက်သွယ်မှုရှိခဲ့သော ဆုရုင ကိုရောက်လာပါသည်။

အစီအစဉ်မိတ်ဆက်