
ထုတ်လွှင့်သည့်ရက် ဇွန်လ 18, 2020
ကြည့်ရှုနားဆင်နိုင်မည့် နောက်ဆုံးရက် ဇွန်လ 18, 2021
ဂျပန်မှာ သဘာဝဘေးအန္တရာယ်ကြိုတင်ပြင်ဆင်မှုနဲ့ပတ်သက်တာတွေကို ဘယ်လိုလေ့လာနိုင်မလဲ။ ဒီတစ်ကြိမ်တော့ တိုကျိုမှာနေထိုင်နေတဲ့ မြန်မာနိုင်ငံသားတွေဆီ NHK WORLD-JAPAN မြန်မာပိုင်းအစီအစဉ်က ဒေါ်ခင်အေးငယ် က မေးခွန်းတွေ ပေးပို့ပြီး ဖြေစေခဲ့ပါတယ်။ အရင်ဆုံးအနေနဲ့ မြန်မာတွေ စုဝေးလေ့ရှိတဲ့ ဘုန်းကြီးကျောင်းကို ကိုယ်တိုင်သွားရောက်ပြီး သူတို့တွေနဲ့အတူ ငလျင်နဲ့ပတ်သက်ပြီး သဘာဝဘေးအန္တရာယ်သဏ္ဍာန်တူလုပ်ဆောင်ထားတဲ့အဆောက်အဦမှာ ပြင်ဆင်မှုတွေနဲ့ပတ်သက်ပြီးလေ့လာခဲ့ပါတယ်။ အဲဒီကနေ သူတို့တတွေ ဘာတွေများလေ့လာရရှိခဲ့ပါသလဲ။ ငလျင် ဒါမှမဟုတ် မီးလောင်မှုကို ကြိုတင်ကာကွယ်ပြင်ဆင်ထားတဲ့ အဲဒီဘုန်းကြီးကျောင်းဟာ ကျွမ်းကျင်သူရဲ့ စစ်ဆေးမှုတွေကို ခံခဲ့ပါတယ်။ သူတို့ ဘာတွေတွေ့ရှိ ခဲ့ပြီး ဘာအကြံပေးချက်တွေ ရခဲ့သလဲဆိုတာတွေကို နားဆင်ရပါမယ်။
(၂၀၂၀ ပြည့်နှစ် ဧပြီလ ၂ ရက်နေ့က ထုတ်လွှင့်ခဲ့တဲ့ အစီအစဉ် ဖြစ်ပါတယ်။)



