audio
Hijiki ပင်လယ်ရေညှိ
တိုကျိုရဲ့ သုတရသကောက်ကြောင်းများ
14မိနစ် 31စက္ကန့်

ထုတ်လွှင့်သည့်ရက် ဧပြီလ 29, 2021
ကြည့်ရှုနားဆင်နိုင်မည့် နောက်ဆုံးရက် ဧပြီလ 29, 2022

"တိုကျို သုတ ရသ ကောက်ကြောင်းများ" အစီအစဉ်ကနေ တိုးယိုးစုဈေးကြီးအပါအဝင် တိုကျိုရဲ့ ဈေးတွေမှာ တွေ့နိုင်တဲ့ ဂျပန်တစ်ဝန်းကလာတဲ့ အစားအသောက်တွေကို မိတ်ဆက်ပေးနေပါတယ်။ ဒီတစ်ကြိမ် အစီအစဉ်မှာ ဂျပန်လူမျိုးတွေ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀၀ ကျော်လောက်ကတည်းက စားသုံးလာခဲ့တဲ့ ပင်လယ်ရေညှိ အမျိုးမျိုးထဲကမှ Hijiki ပင်လယ်ရေညှိ အကြောင်း တင်ဆက်ပေးမှာပါ။ ဂျပန်နိုင်ငံဟာ ကမ္ဘာမှာ Hijiki နေ့စဉ်စားသုံးတဲ့ တစ်နိုင်ငံတည်းသော နိုင်ငံဖြစ်ပါတယ်။ Hijiki နဲ့ ချက်ပြုတ်တဲ့အခါ ဟင်းချက်ပစ္စည်းတွေရဲ့ အရသာတွေကို စုပ်ယူပါတယ်။ ဒါ့အပြင် ကယ်လိုရီဓာတ်နည်းပြီး အာဟာရဓာတ်ကြွယ်ဝပါတယ်။ Mie ခရိုင်ဟာ ရှေးကတည်းက Hijiki ထုတ်လုပ်တဲ့နေရာလို့ လူသိများပါတယ်။ ဂျပန်လူမျိုးတွေ Hijiki ကို ဘယ်လို ချက်ပြုတ်စားကြလဲဆိုတာတွေ တင်ဆက်ပေးမှာပါ။
(၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၁၆ ရက်နေ့က ထုတ်လွှင့်ခဲ့တဲ့ အစီအစဉ် ဖြစ်ပါတယ်။)

photo Hijiki က အနက်ရောက်ဖြစ်ပြီး လက်ဖက်ရွက်တွေကို အခြောက်ခံထားတာနဲ့ တူပါတယ်။ photo NHK WORLD-JAPAN က သတင်းထောက် Dashaက ရေညှိခြောက်တွေ ရောင်းတဲ့ဆိုင်ကို သွားခဲ့ပါတယ်။ photo Hijiki ခူးဆွတ်ကြတဲ့ ရေငုပ်သူတွေဟာ အမျိုးသမီး အများစုဖြစ်ကြပြီး Ama ပင်လယ်ပျော် ရေငုပ်သူအမျိုးသမီးများလို့ ခေါ်ကြပါတယ်။ photo Hijiki ပင်လယ်ရေညှိကို အခြေခံပြီး လုပ်ထားတဲ့ ဆော့စ်နဲ့ စပါကတီ