audio
ခန်းပျော Kanpyo
တိုကျိုရဲ့ သုတရသကောက်ကြောင်းများ
13မိနစ် 56စက္ကန့်

ထုတ်လွှင့်သည့်ရက် ဖေဖေါ်ဝါရီလ 10, 2021
ကြည့်ရှုနားဆင်နိုင်မည့် နောက်ဆုံးရက် ဖေဖေါ်ဝါရီလ 10, 2022

တိုကျိုမြို့ရဲ့မီးဖိုချောင်လို့ နာမည်ကြီးခဲ့တဲ့ ဆုကိဂျိစျေးကြီးနဲ့ သူ့ကိုဆက်ခံတဲ့ တိုယိုစု စျေးကြီးတို့မှာ ရနိုင်တဲ့ အစားအစာအမျိုးမျိုးကို မိတ်ဆက်ပေးနေတဲ့ "တိုကျို သုတ ရသ ကောက်ကြောင်းများ" အစီအစဉ်ကနေ ဂျပန်မှာစတင်ထုတ်လုပ်ခဲ့တဲ့ ပြုပြင်ပြီး အစားအစာတစ်မျိုးဖြစ်တဲ့ ခန်းပျော အကြောင်းကို တင်ဆက်ပါမယ်။ ခန်းပျောဟာ ခေါက်ဆွဲပြားအဖတ် ဖြူဖြူလိုပုံမျိုးဖြစ်ပြီး အဲဒါကို ပဲငံပြာရည် သကြားတို့နဲ့ ပြုတ်ထားပါတယ်။ ဆူရှီထမင်းလိပ်တွေမှာ ထည့်သွင်းပြီး လိပ်တာမျိုးလည်း ရှိပါတယ်။ ဂျပန်အစားအစားတွေထဲက နောက်ကွယ်ကနေ ထောက်တိုင်သဖွယ် ရှိနေတဲ့ ခန်းပျောအကြောင်းကို နားဆင်ရပါမယ်။
(၂၀၂၀ ပြည့်နှစ်၊ သြဂုတ်လ ၁၉ ရက်နေ့က ထုတ်လွှင့်ခဲ့တဲ့ အစီအစဉ် ဖြစ်ပါတယ်။)

photo ဘူးသီးတွေရဲ့ အတွင်းသားကို အရွယ်ရှည်ရှည်ရအောင် လှီးဖြတ်ပြီး ဝါးလုံးတန်းတွေမှာ ချိတ်ဆွဲကာ အခြောက်ခံပါတယ်။ photo NHK WORLD-JAPAN ရဲ့ သတင်းထောက် စာစကီယာ သိုအဲလဲန် (Saskia Thoelen) ဟာ အစားအစားအခြောက်တွေ လက်ကားရောင်းတဲ့ဆိုင်ကို သွားရောက်ခဲ့ပါတယ်။ photo အလုံးရှည်ရှည်ရှိတဲ့ ဘူးသီးတွေကို ၃ မီလီမီတာ အထူရှိတဲ့အရွယ်ရအောင် လှီးဖြတ်ပြီး ခန်းပျော ကို ထုတ်လုပ်ပါတယ်။ photo တိုချိဂိ အမဲသားကင်ကို ခန်းပျောနဲ့ ကြက်သွန်နီချက်နဲ့ တွဲဖက်ထားတဲ့ စားဖွယ်ဟင်းလျာ