
လီမွန် Lemons
တိုကျိုရဲ့ သုတရသကောက်ကြောင်းများ
14မိနစ် 07စက္ကန့်
ထုတ်လွှင့်သည့်ရက် ဇွန်လ 4, 2020
ကြည့်ရှုနားဆင်နိုင်မည့် နောက်ဆုံးရက် ဇွန်လ 4, 2021
တိုကျိုရဲ့မီးဖိုချောင်လို့ နာမည်ကြီးခဲ့တဲ့ ဆုကိဂျိစျေးကြီးနဲ့ သူ့နေရာကို ဆက်ခံတဲ့ တိုယိုစု စျေးကြီးတို့မှာ ရနိုင်တဲ့ အစားအစာအမျိုးမျိုးကို မိတ်ဆက်ပေးနေတဲ့ "တိုကျို သုတရသ ကောက်ကြောင်းများ" အစီအစဉ်ကနေ ဒီတစ်ခေါက်မှာတော့ ကမ္ဘာအနှံ့မှာ ကျယ်ကျယ် ပြန့်ပြန့်သုံးနေတဲ့ Lemons သံပယိုသီး အကြောင်း တင်ဆက်သွားပါမယ်။ ဂျပန်မှာ သံပယိုသီးမျိုးကွဲတွေထဲမှာ ယူးဇု နဲ့ မိကန် တို့ဟာ ထင်ရှားပါတယ်။ ဟီရိုရှီးမား ဟာ ဂျပန်မှာ သံပယိုသီး အကြီးအကျယ်ထွက်ရှိတဲ့နေရာ ဖြစ်ပါတယ်။ သံပယိုသီးထွက်ရှိအောင် ပြုစုစောင့်ရှောက်ပုံနဲ့ ဟင်းလျာချက်ပြုတ်ရာမှာ အသုံးပြုပုံတွေကို နားဆင်ရပါမယ်။
(၂၀၂၀ ပြည့်နှစ် မတ်လ ၂၇ ရက်နေ့က ထုတ်လွှင့်ခဲ့တဲ့အစီအစဉ်ပါ)



