13မိနစ် 54စက္ကန့်

ဖု (Fu)

တိုကျိုရဲ့ သုတရသကောက်ကြောင်းများ

ထုတ်လွှင့်သည့်ရက် ဧပြီလ 28, 2021 ကြည့်ရှုနားဆင်နိုင်မည့် နောက်ဆုံးရက် ဧပြီလ 28, 2022

တိုကျိုရဲ့မီးဖိုချောင်လို့ လူသိများတဲ့ ဆုကိဂျိ လက်ကားစျေးကြီးနဲ့ သူ့နောက်ဆက်ခံတဲ့ တိုးယိုးစုစျေးကြီးအပါအဝင် မြို့တွင်းက စျေးတွေမှာရောင်းချတဲ့စားသောက်ဖွယ်ရာမျိုးစုံကို မိတ်ဆက်ပေးနေတဲ့ "တိုကျို သုတရသကောက်ကြောင်းများ" အစီအစဉ်ကနေ အခုတစ်ကြိမ်မှာ ဂျုံမှုန့်နဲ့ပြုလုပ်တဲ့ ဖု Fu လို့ခေါ်တဲ့ စားဖွယ်ရာတစ်မျိုးကိုမိတ်ဆက်ပေးမှာဖြစ်ပါတယ်။ Fu ကို ဂျပန်မှာ စားသုံးလာနေခဲ့တာဟာ နှစ်ပေါင်း ရာနဲ့ချီ ရှိလာခဲ့ပါပြီ။ ပရိုတိန်းဓာတ်ပါဝင်မှုမြင့်မားပြီး ကယ်လိုရီနည်းပါးပါတယ်။ ပုံစံအမျိုးမျိုး အရောင်အမျိုးမျိုးရှိတဲ့အတွက် စားဖွယ်ရာပြင်ဆင်ချက်ပြုတ်တဲ့အခါ ရာသီချိန်နဲ့လိုက်ဖက်တဲ့ အရောင်ကို ဖြည့်စွက်လို့လည်း ရပါတယ်။ Fu ကို ဒေသခံတွေ နေ့တိုင်းနီးပါးစားသုံးကြတဲ့ ခါနာ့ဇာဝါ့ (Kanazawa) မြို့ကို သွားရောက်ပြီး အသားအစားထိုးဟင်းလျာကနေ မုန့်အချိုအထိ Fu က ဘယ်လိုအမျိုးမျိုးဖန်တီးနိုင်သလဲဆိုတာ တင်ဆက်သွားပါမယ်။

photo
ဆုကိဂျိ အပြင်စျေးတန်းမှာ Fu အမျိုးမျိုးကိုမြင်ရပါတယ်။
photo
NHK WORLD-JAPAN ရဲ့ သတင်းထောက် Jack Freeman က ပရိုတိန်းဓာတ် အများကြီးနဲ့ ဂျုံမှုန့်နဲ့ ရောစပ်ပြီး အပူပေးထားတဲ့ kuruma-bu ကို ကြည့်နေစဉ်
photo
temari-fu ကိုပြုလုပ်ဖို့အတွက် မုန့်အနှစ်ကို အရောင်နှစ်မျိုးရှိတဲ့ ကြိုးနဲ့ ရက်လုပ်ပါတယ်။
photo
ပြင်သစ်ပေါင်မုန့်ကြက်ဥကြော် Fu

အစီအစဉ်မိတ်ဆက်