11မိနစ် 28စက္ကန့်

Konnyaku ဝဥဂျယ်လီ

တိုကျိုရဲ့ သုတရသကောက်ကြောင်းများ

ထုတ်လွှင့်သည့်ရက် ဧပြီလ 27, 2021 ကြည့်ရှုနားဆင်နိုင်မည့် နောက်ဆုံးရက် ဧပြီလ 27, 2022

တိုကျိုရဲ့ မီးဖိုချောင်လို့ ကာလကြာမြင့်စွာ လူသိများခဲ့တဲ့ ဆုကိဂျိ စျေးကြီးနဲ့ သူ့နေရာကို ဆက်ခံခဲ့တဲ့ တိုးယိုးစု စျေးကြီးက စားဖွယ်ရာအမျိုးမျိုးကို မိတ်ဆက်ပေးနေတဲ့ "တိုကျိုသုတရသကောက်ကြောင်းများ" အစီအစဥ်မှာ စားဖွယ်ရာ အမျိုးမျိုးမှာ ထည့်သွင်း ချက်ပြုတ်တဲ့  တုန်တုန်တုန်တုန်နဲ့ ဝါးလို့ကောင်းတဲ့ ကွန်းညက်ကု (Konnyaku) ဝဥ ဂျယ်လီ အကြောင်းကို တင်ဆက်ပါမယ်။ ကွန်းညက်ကု ဂျယ်လီ ကို ဟင်းအနေနဲ့ ချက်ပြုတ် ကြော်လှော်ပြီး စားသုံးနိုင်ပါတယ်။ ဂျပန်မှာ ၀ ဥ အများဆုံးထွက်တဲ့ ဂွန်းမခရိုင်ကို သွားရောက်လေ့လာထားတာတွေကို တင်ဆက်မှာ ဖြစ်ပြီး ကွန်းညက်ကု ဂျယ်လီ ကို စားဖွယ်ရာတွေအတွက် ချက်ပြုတ်ပြင်ဆင်ပုံတွေကိုလည်း သိရပါလိမ့်မယ်။

photo
ကွန်းညက်ကု ကို ဝါးလို့ကောင်းတယ် ဆိုပြီး လူသိများပါတယ်။
photo
၁ ကီလိုဂရမ်လောက်အထိ လေးတဲ့ ကွန်းညက်ကု ၀ ဥ တွေကို စျေးကွက်ကို ပို့ဖို့ အသင့်ဖြစ်နေပါပြီ။
photo
NHK WORLD-JAPAN ရဲ့ သတင်းထောက် ဂျန်နီ အော်လ်ဆန် ကွန်းညက်ကု ကို ကိုယ်တိုင်ကြိုချက်နေစဥ်။
photo
ကွန်းညက်ကု ကို သစ်အယ်သီးနဲ့ Gorgonzola ဆော့စ်အနှစ်နဲ့ ချက်ထားတဲ့ ဟင်းလျာ

အစီအစဉ်မိတ်ဆက်