18မိနစ် 08စက္ကန့်

ဂျပန်စာပေမွေ့ပျော်ချိန်- "ချစ်ခဲ့တယ်"

ဂျပန်စာပေမွေ့ပျော်ချိန်

ထုတ်လွှင့်သည့်ရက် နိုဝင်ဘာလ 19, 2023 ကြည့်ရှုနားဆင်နိုင်မည့် နောက်ဆုံးရက် မေလ 5, 2024

ဇာတ်လမ်းထဲက အဓိကဇာတ်ကောင်အမျိုးသမီးဟာ ဓာတ်မတည့်လို့ဖြစ်ရတဲ့ နာတာရှည် နှာခေါင်းရောဂါရှိနေပြီး အနံ့ခံအာရုံ မခံစားနိုင်သူတစ်ဦးပါ။ ဒါကြောင့် ရေမွှေး ဒါမှမဟုတ် Aroma ရနံ့ကုထုံးဆိုတာတွေကိုလည်း သူ စိတ်မဝင်စားပါဘူး။ ဒါပေမဲ့ အင်တာနက်မှာ ကြောင်တွေအတွက် အန္တရာယ်ဖြစ်စေတဲ့ အနံ့အသက်တွေနဲ့ပတ်သက်ပြီး ရေးထားတဲ့ဆောင်းပါးတစ်ပုဒ်ကို ဖတ်မိပြီး သူ့ရဲ့ကြောင် Mike အကြောင်းတွေးမိတဲ့အခါ ရနံ့တွေနဲ့ သူ့ဘဝ ဘာမှမသက်ဆိုင်သလို ဖြစ်နေတာကိုပဲ သူက ဝမ်းသာနေမိပါတယ်။
သူ နေမကောင်းဖြစ်ခဲ့ပြီးနောက်ပိုင်း ဘုရားစင်မှာ အမွှေးတိုင်တွေ ကုန်သွားပေမဲ့ အပြင်ထွက်ဝယ်ဖို့ စိတ်မပါဖြစ်နေပါတယ်။ ဒါနဲ့ပဲ သူ့အဖေအခန်းထဲက တွေ့တဲ့ နံ့သာပေါင်းတိုင်ကို အမွှေးတိုင်အစား ဘုရားစင်မှာ ပူဇော်နေခဲ့ပါတယ်။ ဘာအနံ့မှ မရသူမို့ အဲဒီနံ့သာပေါင်းတွေကိုပဲ အချိန်အတော်ကြာအောင် ဆက်သုံးနေခဲ့ပါတယ်။
ဒီလိုနဲ့ တစ်နေ့မှာ အမျိုးသားတစ်ယောက်ဟာ ဘုရားစင်ပေါ်က နံ့သာပေါင်းတိုင်ရဲ့ မီးခိုးတွေကြား ပေါလောပေါ်လာပါတယ်။ အဲဒီသူဟာ လူလား သရဲလား။ ဘာကြောင့် လေထဲမှာ ပေါလောပေါ်နေတာလဲ…… ဇာတ်လမ်းလေးကို စောင့်မျှော်နားဆင်ကြပါနော်။
စိတ်ဝင်စားစရာ ဒီဝတ္ထုဇာတ်လမ်းလေးကို NHK WORLD-JAPAN က ကိုငယ်နဲ့ ပွင့်တို့က တင်ဆက်ထားပါတယ်။

photo

အစီအစဉ်မိတ်ဆက်