17မိနစ် 56စက္ကန့်

ဂျပန်စာပေမွေ့ပျော်ချိန် - "အိမ်ထောင်ပြုဖို့ ရည်ရွယ်ခဲ့တာမဟုတ်တဲ့ အမျိုးသမီး"

ဂျပန်စာပေမွေ့ပျော်ချိန်

ထုတ်လွှင့်သည့်ရက် ဇွန်လ 18, 2023 ကြည့်ရှုနားဆင်နိုင်မည့် နောက်ဆုံးရက် မတ်လ 31, 2024

အမျိုးသမီးတစ်ဦးဟာ သူ့အသက် ၂၆ နှစ်အရွယ်က မနက်ခင်းတစ်ခုမှာ "ကျွန်မ ဘယ်တော့မှ အိမ်ထောင်မပြုဘူးဘဲ" ဆိုတဲ့ အသိစိတ်နဲ့ နိုးထလာခဲ့ဖူးပါတယ်။ အဲဒီတုန်းက သူဟာ အချစ်ဇာတ်လမ်း ဒါမှမဟုတ် အိမ်ထောင်ပြုမယ့် အလားအလာ လုံးဝမရှိတဲ့အပြင် တက္ကသိုလ်ကျောင်းတက်နေတုန်းကတည်းက ဝါသနာအပေါ် အရမ်းစွဲလမ်းတဲ့ "Otaku"တစ်ဦး ဖြစ်ခဲ့ပါတယ်။ သူ အသက် ၂၈ နှစ်မှာတော့ တက္ကသိုလ်ကျောင်းနေဖက်တစ်ဦးနဲ့ လက်ထပ်ခဲ့ပါတယ်။ သိပ်စိတ်ရှုပ်စရာမရှိပေမဲ့ တစ်ကိုယ်ရည်လူလွတ်ဘဝကို လက်လွှတ်ခဲ့ရပါတယ်။ အိမ်ထောင်ပြုဖို့ ဆုံးဖြတ်ခဲ့တဲ့ ဒီ "Otaku" အမျိုးသမီးဟာ သူ မရွေးချယ်ခဲ့တဲ့ အနာဂတ်ကိုစိတ်ကူးပုံဖော်ကြည့်ရင်း အခုလက်ရှိဘဝနဲ့ ဘာတွေကွာခြားသလဲ ဆိုပြီး ရောပြွမ်းတဲ့ခံစားချက်တွေ ဖြစ်ပေါ်နေပါတယ်။ သောတရှင်တို့ရေ ဒီတစ်ကြိမ်မှာတော့ အဲဒီ Otaku အမျိုးသမီးတစ်ယောက်က သူ့အိမ်ထောင်ရေးနဲ့ပတ်သက်တဲ့ သဘောထားအမြင်တွေကို ရေးသားပြီး Gekidan Mesuneco အဖွဲ့က တည်းဖြတ်ထားတဲ့အက်ဆေးကို နားဆင်ခံစားကြည့်ပါ။ NHK WORLD-JAPAN က ကိုငယ်နဲ့ ပွင့်တို့က တင်ဆက်မှာ ဖြစ်ပါတယ်။

photo
photo

အစီအစဉ်မိတ်ဆက်