19မိနစ် 25စက္ကန့်

ဂျပန်စာပေမွေ့ပျော်ချိန်- လုံးဝမမြင်နိုင် (ဒုတိယပိုင်း)

ဂျပန်စာပေမွေ့ပျော်ချိန်

ထုတ်လွှင့်သည့်ရက် မတ်လ 20, 2022 ကြည့်ရှုနားဆင်နိုင်မည့် နောက်ဆုံးရက် စက်တင်ဘာလ 23, 2022

ဂျပန်စာပေမွေ့ပျော်ချိန်အစီအစဉ်မှာထူးခြားဆန်းပြားတဲ့ ထိတ်လန့်စရာ ဝတ္တုဇာတ်လမ်းတွေ နဲ့ နာမည်ကြီးတဲ့ ဂျပန်စာရေးဆရာ Miyabe Miyuki ရေးသားတဲ့ လုံးဝမမြင်နိုင် ဝတ္တုဇာတ်လမ်း(ဒုတိယပိုင်း) ကို ကေသွယ်၊ မင်းခန့်နဲ့ ကိုငယ်တို့က သရုပ်ဖေါ် တင်ဆက်ပေးပါမယ်။ ဒီနေ့ဒုတိယပိုင်းမှာတော့ အဓိက ဇာတ်ကောင် Etsuro ဟာ ဘူတာရုံနားက တက္ကစီရုံမှာ တွေ့ဆုံတဲ့ အသက်ကြီးပိုင်း အမျိုးသားတစ်ယောက်နဲ့အတူ မိုးရွာထဲမှာ လမ်းလျှောက်ပြန်ခဲ့ ကြပါတယ်။ လမ်းမှာ ဒီလူကြီးက သူ့အိမ်မှာ မွေးထားတဲ့ ခွေးရဲ့ ထူးဆန်းတဲ့ အဖြစ်အပျက်ကို ပြောပြလာပါတယ်။ တစ်နေ့မှာ သူ့ရဲ့ခွေးလေး Roku ဟာ အမှတ်တမဲ့တွေ့လိုက်တဲ့ မိန်းမငယ်တစ်ဦးနောက်ကို လိုက်ဖို့ ကြိုးစားပါတယ်။ တစ်ဖက်က မိန်းမငယ်ဟာလည်း Roku နဲ့အရင်ကမဆုံခဲ့ဘူးပေမဲ့လည်း Roku ကို ခွေးမဟုတ်ဘဲ လူတစ်ဦးအဖြစ် ခဏခဏအိပ်မက်မက်ဖူးတယ်လို့ ထူးထူးဆန်းဆန်း ဆိုလာပါတယ်။ အိပ်မက်ထဲမှာ မိန်းကလေးနဲ့ Roku တို့ဟာ တစ်ဦးနဲ့တစ်ဦး ချစ်ခင်နှစ်သက်နေကြပေမဲ့ Roku ဟာ သေဆုံးသွားခဲ့တယ်လို့ ဆိုပါတယ်။ ပြောပြနေတာတွေကို နားထောင်ပြီး Etsuro ဟာ ကြောက်စိတ်တွေ ဝင်လာခဲ့ပါတယ်။ ထူးဆန်းတဲ့ ဇာတ်လမ်းလို့ ဆိုပေမဲ့ သူဘာကြောင့် အရမ်းကြောက်သွား ရတာလဲ။ ဒီလူကြီးက ဘယ်သူများလဲ။ ဇာတ်လမ်းကို ဆက်ပြီး နားဆင်ကြည့်ရအောင်။

photo
photo
photo
photo

အစီအစဉ်မိတ်ဆက်