18မိနစ် 16စက္ကန့်

ဂျပန်စာပေမွေ့ပျော်ချိန်- လုံးဝမမြင်နိုင် (ပထမပိုင်း)

ဂျပန်စာပေမွေ့ပျော်ချိန်

ထုတ်လွှင့်သည့်ရက် မတ်လ 13, 2022 ကြည့်ရှုနားဆင်နိုင်မည့် နောက်ဆုံးရက် စက်တင်ဘာလ 23, 2022

ဂျပန်စာပေမွေ့ပျော်ချိန်အစီအစဉ်မှာထူးခြားဆန်းပြားတဲ့ ထိတ်လန့်စရာ ဝတ္တုဇာတ်လမ်းတွေ နဲ့ နာမည်ကြီးတဲ့ ဂျပန်စာရေးဆရာ Miyabe Miyuki ရေးသားတဲ့ လုံးဝမမြင်နိုင် ဝတ္တုဇာတ်လမ်း(ပထမပိုင်း) ကို ကေသွယ်၊ မင်းခန့်နဲ့ ကိုငယ်တို့က သရုပ်ဖေါ် တင်ဆက်ပေးပါမယ်။ ဒီနေ့ တင်ဆက်မယ့် ဝတ္တု မှာတော့ ညကြီးသန်းခေါင် မိုးတွေသည်းသည်းမဲမဲ ရွာနေချိန်မှာ ဘူတာရှေ့ အငှားကားစောင့် စီးနေတဲ့ Etsuro တစ်ယောက် အသက်ကြီးပိုင်း အမျိုးသားတစ်ယောက်နဲ့ စတင်ဆုံတွေ့ ခဲ့ တဲ့ အခန်းကနေ ဇာတ်လမ်း စတင်ပါတယ်။ Etsuro ကနောက်ဆုံး ဘတ်စ်ကားမမှီလိုက်တဲ့ အတွက် အငှားကား စီးမလို့ အချိန် အကြာကြီး စောင့်နေတုန်း သူ့နောက်ကနေ လူကြီးတစ်ယောက်ရဲ့ ခေါ် သံကို ကြားလိုက်ရပါတယ်။ ကြည့်လိုက်တော့ စိတ်သဘောထားကောင်းပုံရတဲ့ ဒီလူကြီးကို စကားပြန်ပြောဖြစ်လိုက်ပါတယ်။ အဲဒီ လူကြီးက လမ်းလျှောက်ပြီး အိမ်ပြန်ရအောင် လို့ ပြောတာနဲ့ အတူတူ မိုးရွာထဲမှာ လမ်းလျှောက်ပြန်ခဲ့ ကြပါတယ်။ လမ်းမှာ ဒီလူကြီးက သူ့အိမ်မှာ မွေးထားတဲ့ ခွေးရဲ့ ထူးဆန်းတဲ့ အဖြစ်အပျက်ကို ပြောပြလာပါတယ်။ ဘာဆက်ဖြစ်မလဲ? နားထောင်ကြည့်ပါ။

photo
photo
photo

အစီအစဉ်မိတ်ဆက်