18မိနစ် 59စက္ကန့်

"မေမေကနာမည်ကြီး Blogger" (ဒုတိယပိုင်း)

ဂျပန်စာပေမွေ့ပျော်ချိန်

ထုတ်လွှင့်သည့်ရက် အောက်တိုဘာလ 24, 2021 ကြည့်ရှုနားဆင်နိုင်မည့် နောက်ဆုံးရက် သြဂုတ်လ 19, 2022

Natsu ဟာ သူ့အမေက ဟင်းချက်ပြုတ်နည်းတွေအကြောင်း ရေးတဲ့ နာမည်ကျော် ဆိုတာ Blogger သိသွား တဲ့အခါ အမေ့ရဲ့ Blogကို ပုံမှန် ဖွင့်ကြည့်နေပြီး အမည်ဝှက်နဲ့ မှတ်ချက်တွေ ရေးပို့လေ့ရှိပါတယ်။ Blog ကြောင့် သူနဲ့ ဆက်ဆံရေး အေးစက်စက် ဖြစ်နေတဲ့ အမေရဲ့ တခြား မျက်နှာသစ် တစ်ခုကို သိလိုက်ရတယ်။ အဲဒီနောက် Natsu အလုပ်နဲ့ တိုကျိုကို ပြောင်းရွှေ့ရပါတယ်။ ငယ်ငယ်ကတည်းကနေတဲ့ မိသားစု မရှိတော့တဲ့ အိမ်မှာ အမေ့ကို တစ်ယောက်တည်းထားခဲ့ရမှာ စိုးရိမ်ပေမဲ့ သူ အိမ်ပြောင်းသွားခဲ့ရပါတယ်။ ဒီ ဒုတိယအပိုင်းမှာတော့ အချက်အပြုတ်နဲ့ ဘလော့ဂ်ကတစ်ဆင့် စကားပြောရင်း ပြောင်းလဲလာတဲ့ မိခင်နဲ့သမီးတို့ ကြားက ကြည်နူးစရာဇာတ်လမ်းလေးအကြောင်းကို နားဆင်ရမှာပါ။

photo
photo
photo
photo

အစီအစဉ်မိတ်ဆက်