13မိနစ် 25စက္ကန့်

မြို့ရဲ့ဆွဲဆောင်မှုတွေကို ကမ္ဘာသိအောင် ဖော်ဆောင်ပေးမယ့် မြို့သံတမန်

ဂျပန့်အလုပ်အဘိဓာန်

ထုတ်လွှင့်သည့်ရက် မတ်လ 17, 2022 ကြည့်ရှုနားဆင်နိုင်မည့် နောက်ဆုံးရက် မတ်လ 17, 2023

ဒီအစီအစဉ်ကနေ ဂျပန်နိုင်ငံမှာ အလုပ်လုပ်နေကြတဲ့ နိုင်ငံခြားသား လုပ်သားတွေကို အဓိကထား မိတ်ဆက်ပေးနေပါတယ်။ ဒီတစ်ခေါက်မှာတော့ တိုကျိုမှာရှိတဲ့ Fuchu မြို့ခန်းမမှာ မြို့ရဲ့စွဲဆောင်မှုတွေကို နိုင်ငံခြားက ခရီးသွားတွေသိအောင် မြှင့်တင်လှုံဆော်ပေးတဲ့ ဌာနမှာ လုပ်ကိုင်နေတဲ့ ပိုလန်နိုင်ငံက မီးစ် Anika Godek နဲ့ တွေ့ဆုံမေးမြန်းထားတာကို နားဆင်ရပါမယ်။

photo
မီးစ် Anika Godek ဟာ Fuchu City Hall ရဲ့ ပြည်သူ့ဆက်ဆံရေးဌာနမှာ ၂၀၁၈ ခုနှစ်ကတည်းက အလုပ်လုပ်ခဲ့ပါတယ်။
photo
မီးစ် Anika ဟာ အဓိကအားဖြင့် Fuchu မြို့ အနီးတစ်ဝိုက်က နေရာတွေကို သွားလာလည်ပတ်ပြီး ကမ္ဘာတစ်ဝှမ်းက ပရိသတ်တွေအတွက် မြို့ရဲ့ အင်တာနက်စာမျက်နှာနဲ့ လူမှုကွန်ယက် မီဒီယာတွေမှာ ဆောင်းပါးတွေ ရေးသားပါတယ်။
photo
မီးစ် Anika က ဒီမြို့ရဲ့စွဲဆောင်မှုတွေကို မြှင့်တင်ဖော်ထုတ်ပေးဖို့ တာဝန်ယူချိန်ကစပြီး Fuchu မြို့ရဲ့ လူမှုကွန်ယက် အင်တာနက်စာမျက်နှာတွေကို လူကြည့်များလာခဲ့ပါတယ်။
photo
မီးစ် Anika ဟာ Fuchu မြို့က blueberry စိုက်ပျိုးရေးခြံပိုင်ရှင် Mr. Kikuchi ဆီ သွားရောက်ခဲ့ပါတယ်။ ဂျပန်မှာ စီးပွားဖြစ် blueberry ထုတ်လုပ်ရေးအတွက် စမ်းသပ်စိုက်ပျိုးတာကို Fuchu မြို့မှာ ၁၉၆၀ ခုနှစ်တွေမှာ စတင်ခဲ့ပါတယ်။ အခု အဲဒီဧရိယာမှာ blueberry ခြံအများအပြား ရှိနေပြီ ဖြစ်ပါတယ်။

အစီအစဉ်မိတ်ဆက်