13မိနစ် 29စက္ကန့်

ချစ်ခြင်းမေတ္တာနဲ့ ယဉ်ကျေးမှုတွေပေါင်းစပ်ထားတဲ့ ပြီးပြည့်စုံတဲ့ဟင်းလျာ

ဂျပန့်အလုပ်အဘိဓာန်

ထုတ်လွှင့်သည့်ရက် ဖေဖေါ်ဝါရီလ 3, 2022 ကြည့်ရှုနားဆင်နိုင်မည့် နောက်ဆုံးရက် ဖေဖေါ်ဝါရီလ 3, 2023

ဂျပန်မှာ အလုပ်လုပ်နေတဲ့ နိုင်ငံခြားသားတွေရဲ့ ဘဝကို အဓိကထား တင်ဆက်ပေးနေတဲ့ Workpedia Japan ဖြစ်ပါတယ်။ ဒီတစ်ခါ ဟင်းချက်နည်းတွေကို ဂျပန်နိုင်ငံတစ်ဝန်းက ကျောင်းသား/သူတွေ အွန်လိုင်းကနေ သင်ယူနိုင်အောင် ရေးသားပြုစုနေတဲ့ ကိုရီးယားနိုင်ငံသူ Kim Eun-young တွေ့ဆုံမေးမြန်းထားတာကို နားဆင်ရပါမယ်။ (၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၂၀ ရက်နေ့က ထုတ်လွှင့်ခဲ့တဲ့ အစီအစဉ် ဖြစ်ပါတယ်။)

photo
မီးစ် Kim Eun-young ဟာ တိုကျိုက Kunitachi မြို့နယ်မှာ ကိုရီးယားဘာသာစကားနဲ့ အချက်အပြုတ် သင်တန်းကျောင်းကို ဖွင့်လှစ်ထားပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြီးကြောင့် ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလကစပြီး အွန်လိုင်းကနေ စတင်သင်ကြားခဲ့ပါတယ်။
photo
မီးစ် Kim ရဲ့ ဟင်းချက်သင်တန်းရဲ့ ဆောင်ပုဒ်က "အမေ့အိမ် လက်ရာချက်ပြုတ်နည်း" ပဲ ဖြစ်ပါတယ်။
photo
Oh Kyung-ah (ညာဘက်) က မီးစ် Kim ရဲ့ကျောင်းအတွက် အကူအညီ ပေးနေတယ်။ သူတို့ရဲ့ သူငယ်ချင်းသက်တမ်းက ၁၅ နှစ်ရှိပါပြီ။
photo
မီးစ် Kim ရဲ့ ဒီလုပ်ငန်းဖြစ်လာအောင် နောက်ကွယ်ကနေ အဓိက ပံ့ပိုးနေသူက သူ့မိခင် (ဘယ်ဘက်)ပဲ ဖြစ်ပါတယ်။

အစီအစဉ်မိတ်ဆက်