13မိနစ် 40စက္ကန့်

သစ်တောကို ပျိုးထောင် မယ်၊ သစ်တောကို ကာကွယ်စောင့်ရှောက်မယ်

ဂျပန့်အလုပ်အဘိဓာန်

ထုတ်လွှင့်သည့်ရက် ဒီဇင်ဘာလ 2, 2021 ကြည့်ရှုနားဆင်နိုင်မည့် နောက်ဆုံးရက် ဒီဇင်ဘာလ 2, 2022

ဂျပန်မှာ အလုပ်လုပ်နေတဲ့ နိုင်ငံခြားသားတွေရဲ့ ဘဝကို အဓိကထား တင်ဆက်ပေးနေတဲ့ Workpedia Japan ဖြစ်ပါတယ်။ ဒီတစ်ခါ Gifu ခရိုင် က တောအုပ်ထဲမှာ အလုပ်လုပ်ဖို့ သက်တောင့်သက်သာရှိလှတဲ့ မြို့ကနေ ထွက်ခွာလာခဲ့တဲ့ ပြင်သစ်နွယ်ဖွား Eric Beloeuvre နဲ့ တွေ့ဆုံမေးမြန်းထားတာကို နားဆင်ရပါမယ်။ (၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၁၈ ရက်နေ့က ထုတ်လွှင့်ခဲ့တဲ့ အစီအစဉ် ဖြစ်ပါတယ်။)

photo
မစ္စတာ Eric Beloeuvre ဟာ Nakatsugawa က သစ်တောလုပ်ငန်းတစ်ခုမှာ ၂၀၁၉ ခုနှစ်ကစပြီး အလုပ်လုပ်ကိုင်ခဲ့ပါတယ်။
photo
မစ္စတာ Eric က မီတာ၂၀ ကျော်မြင့်တဲ့ သစ်ပင်တွေကို အမြန်ခုတ်လှဲနိုင်ပါတယ်။ တစ်နေ့ထဲ အပင် ၄၀ ကျော် ခုတ်လှဲခဲ့တဲ့နေ့တွေလည်း ရှိပါတယ်။

အစီအစဉ်မိတ်ဆက်