audio
ကော်ဖီဖျော်ဆရာတစ်ဦးရဲ့ ဘဝ ခရီးစဉ်
ဂျပန့်အလုပ်အဘိဓာန်
13မိနစ် 38စက္ကန့်

ထုတ်လွှင့်သည့်ရက် ဇွန်လ 3, 2021
ကြည့်ရှုနားဆင်နိုင်မည့် နောက်ဆုံးရက် ဇွန်လ 3, 2022

တိုကျိုမြို့က ဟိုတယ်တစ်ခုရဲ့ ကော်ဖီဆိုင်မှာ espresso အပါအဝင် ကော်ဖီမျိုးစုံကို ဖျော်ပေးတဲ့ အကြီးတန်းကော်ဖီဖျော်ဆရာအလုပ်ကို လုပ်ကိုင်နေတဲ့ ကိုရီးယားလူမျိုး အမျိုးသမီးတစ်ဦးအကြောင်း မိတ်ဆက်ပေးမှာ ဖြစ်ပါတယ်။ ဂျပန့်အလုပ်အဘိဓာန် အစီအစဉ်ကနေ အလုပ်ခွင် အဖြစ် ဂျပန်နိုင်ငံကို ရွေးချယ်ခဲ့ကြတဲ့ ကမ္ဘာတစ်ဝန်းက လာတဲ့သူတွေရဲ့ စိတ်ဝင်စားဖွယ်ရာ ဘဝအခြေအနေတွေကို တင်ဆက်ပေး နေပါတယ်။ (၂၀၂၁ ခုနှစ် မေလ ၂၀ ရက်နေ့က ထုတ်လွှင့်ခဲ့တဲ့ အစီအစဉ် ဖြစ်ပါတယ်။)

photo အသက် ၃၆ နှစ်အရွယ် မီးစ် Woo Youngju ဟာ ရှီဘူယမှာရှိတဲ့ ဟိုတယ်တစ်ခုမှာ ၂၀၁၇ ခုနှစ်ကတည်းက အကြီးတန်းကော်ဖီဖျော်ဆရာ အလုပ် လုပ်နေတာဖြစ်ပါတယ်။ photo ဆိုင်မဖွင့်ခင် အရေးအကြီးဆုံး ပြင်ဆင်မှုကတော့ espresso ကော်ဖီအရသာကို သတ်မှတ်ဖို့ပါပဲ။ ကော်ဖီစေ့ရဲ့ အခြေအနေဟာ အပူချိန်နဲ့ စိုထိုင်းဆပေါ်မူတည်ပြီး တစ်နေ့နဲ့ တစ်နေ့ မတူပါဘူး။ အဲဒါကြောင့် ကော်ဖီရဲ့ အရသာကို ချိန်ညှိပြီး လုပ်ဖို့က အရေးကြီးပါတယ်။ photo မီးစ် Youngju က နွားနို့ခရား ကိုင်ထားတဲ့လက်ကို ညင်သာစွာ လှုပ်ရှားပြီး ကော်ဖီရဲ့ မျက်နှာပြင်အညိုရောင်ပေါ်မှာ လှပတဲ့ အဖြူရောင် သစ်ရွက်ပုံစံ ဖန်တီးနေပါတယ်။ ဒါဟာ latte ကော်ဖီ အနုပညာ ဖြစ်ပါတယ်။ photo Kominami Aya ဟာ အဲဒီဟိုတယ်မှာ အစားအသောက်နဲ့ အဖျော်ယမကာ ဝန်ဆောင်မှုပေးတဲ့ အစီအစဉ် ဒါရိုက်တာ တစ်ယောက်ဖြစ်ပါတယ်။ မီးစ် Aya ရဲ့ စိတ်အားထက်သန်မှုကြောင့် မီးစ် Youngju တစ်ယောက် ကော်ဖီဆိုင်ဖွင့်ဖို့ ပြင်ဆင်ရာမှာ ပါဝင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။