audio
အကောင်းဆုံးအဖွဲ့ဖြစ်စေဖို့
ဂျပန့်အလုပ်အဘိဓာန်
13မိနစ် 50စက္ကန့်

ထုတ်လွှင့်သည့်ရက် ဖေဖေါ်ဝါရီလ 17, 2021
ကြည့်ရှုနားဆင်နိုင်မည့် နောက်ဆုံးရက် ဖေဖေါ်ဝါရီလ 17, 2022

ဂျပန်ကို သူတို့ရဲ့ အလုပ်လုပ်ရာနေရာအဖြစ် ရွေးချယ်ခဲ့ကြတဲ့ ကမ္ဘာအနှံ့ကလူတွေရဲ့ ဘဝကို တစ်စေ့တစ်စောင်းမြင်တွေ့နိုင်အောင် Workpedia Japan ကနေ တင်ဆက်ပေးနေပါတယ်။ ဒီတစ်ကြိမ်တော့ izagaya လို့ခေါ်တဲ့ ဂျပန်စတိုင် စားသောက်ဆိုင်အရက်ဘား တစ်ဆိုင်ရဲ့ မန်နေဂျာအဖြစ် အလုပ်လုပ်နေတဲ့ နီပေါနိုင်ငံက ဘီဂျာယာ အာချာယာ (Bijaya Acharya) နဲ့ တွေ့ဆုံမေးမြန်းချက်တွေကို နားဆင်ရပါမယ်။
(၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ ၂၆ ရက်နေ့က ထုတ်လွှင့်ခဲ့တဲ့ အစီအစဉ် ဖြစ်ပါတယ်။)

photo ဘီဂျာယာ အာချာယာ ဟာ ဂျပန်မှာ လူသိအများဆုံး ရောင်းဝယ်ဖောက်ကားရာ အရပ်တစ်ခုဖြစ်တဲ့ တိုကျိုမြို့လယ်ခေါင်က ဂင်ဇာ အရပ်မှာဖွင့်ထားတဲ့ ဂျပန်စတိုင်စားသောက်ဆိုင်အရက်ဘား ရဲ့ မန်နေဂျာပါ။ photo ဘီဂျာယာ ဟာ သူ့ဆိုင်ရဲ့ အထူးစားဖွယ်ရာတစ်မျိုးဖြစ်တဲ့ တုတ်ထိုးကြက်သားကင် Yakitori ကို ကင်နေပါတယ်။ photo Kato Kota ဟာ ဘီဂျာယာကို သူ့ရဲ့ ကုမ္ပဏီမှာ ဂျပန်လူမျိုး မဟုတ်တဲ့အမြဲတမ်း ဝန်ထမ်းအဖြစ် ပထမဦးဆုံးခန့်ပြီး ပံ့ပိုးနေခဲ့ပါတယ်။ photo ဘီဂျာယာ နဲ့ သူ့ရဲ့ ဝန်ထမ်းတွေကို ကုမ္ပဏီက အကောင်းဆုံးအဖွဲ့လိုက်လုပ်ဆောင်နိုင်တဲ့ဆုကို ချီးမြှင့်ခဲ့ပါတယ်။