
ထုတ်လွှင့်သည့်ရက် နိုဝင်ဘာလ 12, 2020
ကြည့်ရှုနားဆင်နိုင်မည့် နောက်ဆုံးရက် နိုဝင်ဘာလ 12, 2021
ကိုရိုနာဗိုင်းရပ်စ်ဟာ ကမ္ဘာတစ်ဝန်းမှာ အုတ်အော်သောင်းတင်း ကူးစက်မှုတွေဖြစ်ပြီး အကြီးအကျယ် ထိခိုက်ခံစားနေရပါတယ်။ ဒီဗိုင်းရပ်စ်ဟာ လူတွေရဲ့ လူနေမှုဘဝကို ထိခိုက်စေပြီး ကပ်ရောဂါမတိုင်ခင်ကတည်းက ငွေရေးကြေးရေး ဒုက္ခရောက်နေသူတွေက အခုအခါမှာ စားဝတ်နေရေး ခက်ခဲနေကြပါတယ်။ ဂျပန် NGO-ICAN အဖွဲ့ဟာ ဖိလစ်ပိုင်လူမျိုးတွေထဲမှာ ရောဂါကူးစက်မှုအန္တရာယ်နဲ့ ရင်ဆိုင်နေရတဲ့ ဆင်းရဲတဲ့မိသားစုတွေကို ကူညီတဲ့ လှုပ်ရှားမှုတွေကို ဆက်လက်ဆောင်ရွက်နေပါတယ်။ ဒီအစီအစဉ်ကနေ ဂျပန်လူမျိုးတစ်ဦးနဲ့ ဒေသခံဝန်ထမ်းတစ်ဦးတို့က အခက်အခဲအမျိုးမျိုးနဲ့ ရင်ဆိုင်နေရတဲ့သူတွေကို လိုအပ်တဲ့ စားနပ်ရိက္ခာတွေ ပေးဝေရင်း ကူညီနေတဲ့ သူတို့အကြောင်းကို တင်ဆက်ပေးပါမယ်။
(၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ၂၉ ရက်နေ့က ထုတ်လွှင့်ခဲ့တဲ့ အစီအစဉ် ဖြစ်ပါတယ်။)


