
ထုတ်လွှင့်သည့်ရက် ဖေဖေါ်ဝါရီလ 18, 2021
ကြည့်ရှုနားဆင်နိုင်မည့် နောက်ဆုံးရက် ဖေဖေါ်ဝါရီလ 18, 2022
Tutura Radio ဟာ ၂၀၁၈ ခုနှစ်မှာ ငလျင်ဒဏ်ခံခဲ့ရတဲ့ အင်ဒိုနီးရှားက စူလာဝေစီ ကျွန်းမှာ လူမှုအသိုက်အဝန်းအတွက် ရေဒီယိုအသံလွှင့်ရုံဖြစ်ပါတယ်။ ဂျပန် NPO တစ်ခုဖြစ်တဲ့ FMYY က ဒေသတွင်း ပြန်လည်တည်ဆောက်ရေးအကြောင်း ဒေသခံတွေကို သတင်းအချက်အလက်ပေးနိုင်ရေး အထောက်ပေးဖို့ရည်ရွယ်ပြီး အဲဒီအသံလွှင့်ရုံထူထောင်ဖွင့်လှစ်နိုင်ရေးကို ကူညီခဲ့ပါတယ်။ ၁၉၉၅ ခုနှစ် Great Hanshin-Awaji ငလျင်ကြီး လှုပ်ခဲ့ပြီးတဲ့နောက် ထူထောင်ခဲ့တဲ့ FMYY ဟာ ဂျပန်အနောက်ပိုင်း ကိုဘေးမြို့မှာ ရှိပြီး ဘာသာစကားစုံနဲ့ ထုတ်လွှင့်တင်ဆက်ပေးနေပါတယ်။ ဘေးဒဏ်သင့်အရပ်က လူမှုအသိုက်အဝန်းရေဒီယိုအသံလွှင့်ရုံအတွေ့အကြုံကို အခြေခံပြီး သဘာဝဘေးကျရောက်မှု များပြားတဲ့ အင်ဒိုနီးရှားနဲ့ တွဲပြီး လုပ်ကိုင်နေခဲ့တာ ၁၀ နှစ် ရှိနေပါပြီ။ လူမှုအသိုက်အဝန်း ရေဒီယိုအသံလွှင့်ရုံထူထောင်ပြီး ပြန်လည်ထူထောင်ရေးအတွက် ကြိုးပမ်းနေခဲ့ကြတဲ့ ဂျပန်နဲ့အင်ဒိုနီးရှားပြည်သူတွေရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေကို တင်ဆက်သွားပါမယ်။
(၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ ၂၇ ရက်နေ့က ထုတ်လွှင့်ခဲ့တဲ့ အစီအစဉ် ဖြစ်ပါတယ်။)



