
ထုတ်လွှင့်သည့်ရက် ဇန်နဝါရီလ 26, 2021
ကြည့်ရှုနားဆင်နိုင်မည့် နောက်ဆုံးရက် ဖေဖေါ်ဝါရီလ 2, 2022
တွဲလက်မပျက် ခရီးဆက် အစီအစဉ်ကနေ ဖွံ့ဖြိုးဆဲနိုင်ငံတွေက လူမှုအသိုင်းအဝိုင်းမှာဒေသခံတွေနဲ့ အတူတူ ပြဿနာအမျိုးမျိုးကို ကူညီဖြေရှင်းပေးနေတဲ့ ဂျပန်အမျိုးသားနဲ့ အမျိုးသမီးတွေနဲ့တွေ့ဆုံပါမယ်။ ဒီကနေ့ အစီအစဉ်မှာတော့ အရှေ့တောင်အာရှက လာအိုနိုင်ငံမှာ မသန်စွမ်းတဲ့ အပြေးအားကစားသမားတွေကို နည်းပြသင်ကြားပေးနေတဲ့ Hane Hiroyuki နဲ့မိတ်ဆက်ပေးမှာပါ။ ဘယ်ဖက်လက်မောင်း မသန်းစွမ်းတဲ့ Hane ဟာ သူကိုယ်တိုင် မသန်စွမ်းအားကစားသမားတစ်ဦး ဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ်ကတည်းက လာအိုနိုင်ငံမှာ နေထိုင်နေတဲ့ Hane ဟာ အမြင်အာရုံချို့တဲ့ တဲ့ လာအို အားကစားသမားတွေကို ကမ္ဘာ့ပြိုင်ပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်နိုင်ဖို့ ကြိုးစား သင်ပြနေသူဖြစ်ပါတယ်။
(၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ ၂ ရက်နေ့က ထုတ်လွှင့်ခဲ့တဲ့ အစီအစဉ် ဖြစ်ပါတယ်။)


