
ဂျပန်မှာ Tottori ခရိုင်ဟာ နံပါတ်တစ် ကဏန်းအများဆုံးဖမ်းယူရရှိတဲ့ ခရိုင်ဖြစ်ပါတယ်။ ဒေသတွင်းက Matsuba လို့ခေါ်တဲ့ တန်ဖိုးကြီး Snow Crab နှင်းကဏန်းနဲ့ စျေးနှုန်းသက်သာတဲ့ Red Snow Crab အနီရောင် နှင်းကဏန်းတွေက အထူးရေပန်းစား လူကြိုက်များပါတယ်။ ဆောင်းရာသီမှာပဲ အရသာအကောင်းဆုံးခံစားနိုင်တဲ့ ကဏန်းကို မြည်းစမ်းဖို့ ခရီးသွားအများအပြားဟာ အဲဒီ ခရိုင်ကို လာရောက်လည်ပတ်ကြပါတယ်။ ဒီအစီအစဉ်မှာတော့ မစ္စတာ Daniel Woolpert က အဝစား နေ့လယ်စာကစပြီး တန်ဖိုးကြီး ညစာအထိ အမျိုးမျိုးအဖုံဖုံချက်ပြုတ်ထားတဲ့ ဆောင်းရာသီရဲ့ ရာသီစာ ကဏန်းဟင်းလျာတွေနဲ့ မိတ်ဆက်ပေးမှာပါ။ သူက ဖောက်သည်တွေကို ဂျပန်ကာတွန်း မန်းဂဇာတ်ကောင်တွေနဲ့ ဆွဲဆောင်နေတဲ့ စျေးလမ်းတစ်ဝိုက်ကိုလည်း သွားလည်ခဲ့ပါသေးတယ်။ Tottoriက စိတ်ဝင်စားဖွယ် အကြောင်းအရာတွေကို နားဆင်ကြည့်ပါ။ (၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၁၆ ရက်နေ့က ထုတ်လွှင့်ခဲ့တဲ့ အစီအစဉ် ဖြစ်ပါတယ်။)



