
ဂျပန်နိုင်ငံအနောက်ပိုင်းက အကြီးဆုံးမြို့ဖြစ်တဲ့ အိုစာကာဟာ ၁၆ ရာစုတုန်းက ဗိုလ်ချုပ်ကြီး Toyotomi Hideyoshi တည်ဆောက်ခဲ့တဲ့ အိုစာကာ ရဲတိုက်၊ ခံတပ် စတဲ့ အဆောက်အုံတွေကစလို့ တခြား ဗိသုကာ အဆောက်အဦးတွေနဲ့ ခန့်ညားလှတဲ့ ရတနာတစ်ပါး ဖြစ်ပါတယ်။ မြင့်မားပြီးစတိုင်ကျလှပတဲ့ အဆောက်အဦတွေဟာလည်း Dai-Osaka – Great Osaka ခေတ်ကနေ ၂၀ ရာစုအစပိုင်းအထိ ကျန်ရှိနေတုန်းပါပဲ။ အဲဒီအချိန်တုန်းက အိုစာကာဟာ ဂျပန်ရဲ့ လူဦးရေအများဆုံး မြို့တော် ဖြစ်ခဲ့ပါတယ်။ အဲဒီနောက် ၁၉၇၀ ခုနှစ်က အိုစာကာမှာ အာရှရဲ့ ပထမဆုံး နိုင်ငံတကာ ကုန်စည်ပြပွဲကြီးကို ထူးခြား ခမ်းနားတဲ့ Tower of the Sun မှာ လက်ခံကျင်းပခဲ့ပါတယ်။ အမေရိကန်ဗိသုကာပညာရှင် James Lambiasi က အိုစာကာ က အဆောက်အဦတွေကနေတစ်ဆင့် အိုစာကာရဲ့ သမိုင်းကြောင်းနဲ့ ယဉ်ကျေးမှုတွေ ရှာဖွေထားတာကို တင်ဆက်ပေးပါမယ်။ (၂၀၂၁ ခုနှစ် ဧပြီလ ၂၂ ရက်နေ့က ထုတ်လွှင့်ခဲ့တဲ့ အစီအစဉ် ဖြစ်ပါတယ်။)



