
12မိနစ် 53စက္ကန့်
ယာမာ့ဂူချီ ခရိုင်ဟာ ဂျပန်ရဲ့ အဓိကကျွန်းကြီးဖြစ်တဲ့ ဟွန်းရှူးကျွန်းရဲ့ မြောက်ဘက်မှာ တည်ရှိပါတယ်။ ဂျပန်ရဲ့ တခြားနေရာတွေနဲ့ မတူတဲ့ ရှုခင်းတွေ အမြောက်အမြားရှိပါတယ်။ မြေအောက်လိုဏ်ခေါင်းတစ်ခုထဲမှာ ထုံးကျောက်တွေကနေ ကျောက်စက်ပန်းဆွဲတွေ ထိုးထိုးထောင်ထောင်နဲ့ ရှိနေပြီး ကျွန်းငယ်လေးတစ်ကျွန်းပေါ်က ရွာလေးဟာ ကျောက်တုံးတွေ၊ အင်္ဂတေတွေနဲ့ သဘာဝအတိုင်းဖြစ်နေတဲ့ နံရံတွေနဲ့ နောက်ထပ် တခြား သဘာဝရှုခင်းတွေကလည်း ယာမာ့ဂုချီ ခရိုင်အတွက် ဂုဏ်ယူ စရာပါ။ အမေရိကန်နိုင်ငံဖွား သရုပ်ဆောင် Charles Glover ဟာ ဒီလိုခမ်းနားလှ ပြီး တခြားနေရာတွေနဲ့ ကွဲပြားခြားနားတဲ့ ရှုခင်းတွေကို ကြည့်ရှုဖို့နဲ့ ဒီရှုခင်းတွေရဲ့ နောက်ကွယ်က ဇာတ်လမ်းတွေကို ရှာဖွေဖို့ ယာမာ့ဂူချီကို သွားရောက်ခဲ့ပါတယ်။ (၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၂၄ ရက်နေ့က ထုတ်လွှင့်ခဲ့တဲ့ အစီအစဉ် ဖြစ်ပါတယ်။)



