
14မိနစ် 56စက္ကန့်
နာရာခရိုင်မှာရှိတဲ့ အာဆုကာ့ ဟာ ၆ ရာစုကုန်ကာလအထိ နှစ်ပေါင်း ၁၀၀ ကျော် ဂျပန့်နိုင်ငံရေးနဲ့ ယဉ်ကျေးမှု ဗဟိုချက်ဖြစ်ခဲ့ပါတယ်။ တိုးတက်လာတဲ့ ယဉ်ကျေးမှုက များပြားလှတဲ့ သမိုင်းအစဉ်အလာတွေကို ကျန်ရစ်စေခဲ့ပါတယ်။ အထူးသဖြင့် ထူးဆန်းအံ့သြဖွယ်ကောင်းလှတဲ့ ကျောက်တုံးပုံစံတွေဖြစ်ပါတယ်။ မြောက်များလှစွာသော အထိမ်းအမှတ်ကျောက်တုံးတွေဟာ မရေမတွက်နိုင်သောသီအိုရီတွေကို ပေါ်ထွက်လာစေခဲ့ပါတယ်။ သရုပ်ဆောင် လုခ် ဘရစ်ဖို့ဒ် (Luke Bridgford) ဟာ အဲဒီကျောက်တုံးတွေကာလရှည်ကြာ တည်ရှိနေတာတွေအပါအဝင် သမိုင်းဝင်နေရာတွေကို လေ့လာထားတဲ့အကြောင်း တင်ဆက်သွားပါမယ်။
(၂၀၂၀ ပြည့်နှစ်၊ မတ်လ ၃၁ ရက်နေ့က ထုတ်လွှင့်ခဲ့တဲ့ အစီအစဉ် ဖြစ်ပါတယ်။)



