
14မိနစ် 58စက္ကန့်
ပေါ်ထွန်းခဲ့ပြီ ဂျပန်ပြည် အစီအစဉ်ကနေ ဂျပန်နိုင်ငံရဲ့ ထိပ်တန်း တီထွင်ဆန်းသစ်မှုတွေနဲ့ ဖန်တီးထားတဲ့ နောက်ကွယ်က လျှို့ဝှက်ချက်တွေကို တင်ဆက်ပေးနေပါတယ်။ ဒီတစ်ကြိမ်မှာ အာရုံကြောကို ခွဲစိတ်တဲ့နေရာမှာ အသုံးပြုတဲ့ အဏုကြည့်မှန်ပြောင်းတင်တဲ့ stand အကြောင်းကို မိတ်ဆက်ပေးပါမယ်။ တိုကျိုမှာရှိတဲ့ မှန် ကုမ္ပဏီတစ်ခုက တီထွင်ထားတာ ဖြစ်ပြီး အဲဒီ stand က ရွေ့လျားသွားရင်တောင် အဏုကြည့်မှန်ပြောင်းကို ချိန်ထားတဲ့ မူလ ဗဟိုချက်ကို မပျက်အောင် သူ့အလိုလို ပြန်ချိန်ပေးတဲ့ ထူးခြားတဲ့ နည်းပညာအစွမ်းရှိပါတယ်။ အာကာသ လေ့လာရေး ကိရိယာက ရတဲ့ နည်းပညာတွေကို အသုံးချပြီး တီထွင်ထုတ်လုပ်ခဲ့တဲ့ ဒီအဏုကြည့်မှန်ပြောင်း တင်တဲ့ stand ရဲ့ နောက်ကွယ်က အကြောင်းတွေကို လေ့လာကြည့်ကြရအောင်။ (၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၁၅ ရက်နေ့က ထုတ်လွှင့်ခဲ့တဲ့ အစီအစဉ် ဖြစ်ပါတယ်။)



