
“ပေါ်ထွန်းခဲ့ပြီ ဂျပန်ပြည်” အစီအစဉ်ကနေ ဂျပန်နိုင်ငံရဲ့ စိတ်ဝင်စားဖွယ်ရာ ထိပ်တန်း တီထွင်ဆန်းသစ်မှုတွေနဲ့ ဖန်တီးထားတဲ့ နောက်ကွယ်က ဆွဲဆောင်မှုတွေနဲ့ လျှို့ဝှက်ချက်တွေကို စူးစမ်းရှာဖွေ တင်ဆက်ပေးနေပါတယ်။ ဒီတစ်ကြိမ်အစီအစဉ်မှာ ညအမှောင်ထဲမှာ အလင်းထွက်နေစေဖို့ အတွက် အလင်းရောင်တွေကို စုပ်ယူထားပြီး ပြန်ပြီးတော့ အလင်းရောင် ထုတ်ပေးတဲ့ အမှောင်ထဲမှာ တောက်ပနိုင်တဲ့ ရောင်ပြန်ပစ္စည်း အကြောင်း မိတ်ဆက်ပေးမှာ ဖြစ်ပါတယ်။ ရေဒီယို သတ္တိကြွဒြပ်ပစ္စည်းတွေ မပါဘဲနဲ့ အလင်းထွက်တဲ့ အဲဒီပစ္စည်းတွေကို ၁၉၉၃ ခုနှစ်က ဂျပန်နိုင်ငံမှာ တီထွင်ခဲ့ပါတယ်။ အခုဆိုရင် ကမ္ဘာတစ်ဝန်းမှာ အဲဒီပစ္စည်းတွေကို လက်ပတ်နာရီတွေနဲ့ အရေးပေါ် အချက်ပြတဲ့ ပစ္စည်းတွေလိုမျိုး ထုတ်ကုန်တွေမှာ အသုံးပြု နေပြီ ဖြစ်ပါတယ်။ ဒီပစ္စည်း တီထွင်ဖန်တီးမှုရဲ့ နောက်ကွယ်က ဇာတ်လမ်းအကျဉ်းနဲ့ ဒီကုမ္ပဏီ ဘယ်လို စတင်ထူထောင်ခဲ့တယ်ဆိုတာအပြင် ကုမ္ပဏီ ဒေဝါလီခံရတော့မယ့် အခြေအနေတွေ ကြုံတွေ့ခဲ့ရတဲ့ ကြိုးစားရုန်းကန် မှုတွေကိုလည်း ကြားသိရမှာ ဖြစ်ပါတယ်။ (၂၀၂၁ ခုနှစ် မေလ ၁၉ ရက်နေ့က ထုတ်လွှင့်ခဲ့တဲ့ အစီအစဉ် ဖြစ်ပါတယ်။)



