audio
အလိုအလျောက် အပ်ချည်ဖြတ်ပေးတဲ့ အပ်ချုပ်စက်များ
ပေါ်ထွန်းခဲ့ပြီ ဂျပန်ပြည်
13မိနစ် 28စက္ကန့်

ထုတ်လွှင့်သည့်ရက် မေလ 5, 2021
ကြည့်ရှုနားဆင်နိုင်မည့် နောက်ဆုံးရက် မေလ 5, 2022

ဂျပန်နိုင်ငံက နာမည်ကြီး ထုတ်ကုန်တွေနဲ့ တီထွင်ဆန်းသစ်မှုတွေရဲ့ နောက်ကွယ်က အကြောင်းအရာတွေ ကိုတင်ဆက်နေပါတယ်။ ဒီအစီအစဉ် က ဂျပန်ရဲ့ထိပ်တန်းတီထွင်မှုတွေအကြောင်း အစီအစဉ် ဖြစ်ပါတယ်။ ဒီနေ့မှာတော့ ကမ္ဘာတစ်ဝန်းက အထည်ချုပ်စက်ရုံတွေမှာ အသုံးပြုနေပြီး လူကြိုက်များတဲ့ အပ်ချည်အလိုအလျောက်ဖြတ်အပ်ချုပ်စက်တွေ အကြောင်းကို တင်ဆက်မှာပါ။ ခြေနင်းခုံကို ဖနောင့်နဲ့နင်းလိုက်ရုံနဲ့ အထည်တွေနဲ့တွဲဆက်နေတဲ့အပ်ချည်ကြိုးတွေက ဖြတ်ပြီးသား ဖြစ်သွားတဲ့ စက် ဖြစ်ပါတယ်။ ထိပ်တန်း ကုန်ပစ္စည်း အမှတ်တံဆိပ်တွေကနေ မြန်ကောင်းသက်သာ ခေတ်မီဆန်းသစ်တဲ့ အထည်တွေအထိ ကမ္ဘာတစ်ဝန်း အထည်ချုပ်လုပ်ငန်းတွေမှာ အဲဒီစက်တွေကို အသုံးပြုနေကြပါတယ်။ ဒီနေ့မှာတော့ ဒီတီထွင်မှုကို အောင်မြင်စေခဲ့တဲ့ နောက်ကွယ်က လူသိနည်း သေးတဲ့ ဇာတ်လမ်းကို နားဆင်ရမှာ ဖြစ်ပါတယ်။ (၂၀၂၁ ခုနှစ်၊ ဧပြီလ ၁၄ ရက်နေ့က ထုတ်လွှင့်ခဲ့တဲ့ အစီအစဉ် ဖြစ်ပါတယ်။)

photo ၁၉၆၉ ခုနှစ်မှာ တီထွင်ခဲ့တဲ့ ပထမဆုံး ချည်မျှင်ဖြတ် အပ်ချုပ်စက် photo စက်ကိုတီထွင်ခဲ့တဲ့အဖွဲ့က အဖွဲ့၀င်တစ်ဦးဖြစ်တဲ့ မစ္စတာ Shinomiya Hiroaki photo အသစ်ထုတ်လုပ်ထားတဲ့ အပ်ချုပ်စက်