13မိနစ် 55စက္ကန့်

အသေးစား ဗီဒီယိုကင်မရာများ

ပေါ်ထွန်းခဲ့ပြီ ဂျပန်ပြည်

ထုတ်လွှင့်သည့်ရက် ဒီဇင်ဘာလ 2, 2020 ကြည့်ရှုနားဆင်နိုင်မည့် နောက်ဆုံးရက် ဒီဇင်ဘာလ 2, 2021

ပေါ်ထွန်းခဲ့ပြီ ဂျပန်ပြည်အစီအစဉ်ကနေ ဂျပန်နိုင်ငံရဲ့ စိတ်ဝင်စားဖွယ် တီထွင်ဆန်းသစ်မှုတွေနဲ့ ဖန်တီးထားတဲ့ နောက်ကွယ်က အကြောင်းအရာတွေကို တင်ဆက်ပေး နေပါတယ်။ ဒီတစ်ကြိမ်အစီအစဉ်မှာ ကမ္ဘာတစ်ဝန်းမှာ ကျယ်ကျယ် ပြန့်ပြန့်သုံးစွဲနေတဲ့ အသေးစား ဗီဒီယိုကင်မရာတွေအကြောင်းကို မိတ်ဆက်ပေးမှာပါ။ ၁၉၈၉ ခုနှစ်တုန်းက ဂျပန်ကုမ္ပဏီတစ်ခုဟာ ပတ်စ်ပို့ စာအုပ်ဆိုဒ်အရွယ်ပဲ ရှိတဲ့ ကမ္ဘာမှာ အသေးဆုံး၊ အပေါ့ဆုံး ဗီဒီယို ကင်မရာကို တီထွင်ခဲ့ပါတယ်။ ဒီကင်မရာလေးတွေနဲ့ ကိုယ့်ရဲ့ကလေးတွေ ကြီးပြင်းလာတဲ့ကာလကို ရိုက်ကူးထားတာ နောက်ပြီး အရေးပါတဲ့ အမှတ်တရ အားလပ်ရက်တွေကို မှတ်တမ်းတင်ထားတာလိုမျိုး တန်ဖိုးရှိတဲ့ အမှတ်တရတွေ သိမ်းဆည်းထားနိုင်ပါတယ်။ ဒီအသေးစားဗီဒီယို ကင်မရာတွေရဲ့ ဖန်တီးမှုနောက်ကွယ်က လူသိနည်းတဲ့ အကြောင်းတွေကို တင်ဆက်ပေးပါမယ်။ အားပေးနားဆင်ပါနော်။
(၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၁၈ ရက်နေ့က ထုတ်လွှင့်ခဲ့တဲ့ အစီအစဉ်ဖြစ်ပါတယ်။)

photo
၁၉၈၉ ခုနှစ်တုန်းက ထုတ်လုပ်ခဲ့တဲ့ အသေးဆုံးတဲ့ အပေါ့ဆုံး ဗီဒီယို ကင်မရာ
photo
ပတ်စ်ပို့ဆိုဒ်အရွယ် ဗီဒီယို ကင်မရာ
photo
တီထွင်ထုတ်လုပ်ရေးအဖွဲ့ဝင် မစ္စတာ Nakagawa Katsuya
photo
အသေးစား ဗီဒီယိုကင်မရာတွေကို သေးနိုင်သမျှ သေးလို့ရတဲ့အထိ ဆက်လက်ထုတ်လုပ်နေပါတယ်။

အစီအစဉ်မိတ်ဆက်