audio
အိမ်သုံး ပေါင်မုန့်ဖုတ်စက်
ပေါ်ထွန်းခဲ့ပြီ ဂျပန်ပြည်
12မိနစ် 43စက္ကန့်

ထုတ်လွှင့်သည့်ရက် စက်တင်ဘာလ 30, 2020
ကြည့်ရှုနားဆင်နိုင်မည့် နောက်ဆုံးရက် စက်တင်ဘာလ 30, 2021

ပေါ်ထွန်းခဲ့ပြီ ဂျပန်ပြည် အစီအစဉ်ကနေ ဂျပန်နိုင်ငံရဲ့ စိတ်ဝင်စားဖွယ် တီထွင်ဆန်းသစ်မှုတွေနဲ့ ဖန်တီးထားတဲ့ နောက်ကွယ်က စိတ်ဝင်စားစရာဆွဲဆောင်မှုတွေ၊ လျှို့ဝှက်ချက်တွေကို ရှာဖွေ တင်ဆက်ပေးနေပါတယ်။ ဒီတစ်ကြိမ်အစီအစဉ်မှာ အိမ်တွင်းသုံးပေါင်မုန့်ဖုတ်စက်အကြောင်း မိတ်ဆက်ပေးပါမယ်။ ၁၉၈၇ ခုနှစ်က ဂျပန်နိုင်ငံမှာ ပထမဆုံးထုတ်လုပ်ခဲ့တဲ့ အိမ်သုံး ပေါင်မုန့်ဖုတ်စက်တွေဟာ စက်ထဲကို မုန့်ဖုတ်မယ့်ပါဝင်ပစ္စည်းတွေ ထည့်ပြီး ခလုတ်နှိပ်လိုက်ရုံနဲ့ ရိုးရှင်းလွယ်ကူစွာ အိမ်မှာ လတ်ဆတ်တဲ့ ပေါင်မုန့်ဖုတ်လို့ ရပါတယ်။ အခုဆိုရင် နိုင်ငံနဲ့ ဒေသပေါင်း ၂၉ ခုကို စက်အလုံးပေါင်း ၁၀ သန်းကျော်တင်ပို့ရောင်းချ နိုင်ခဲ့ပြီး ကမ္ဘာတစ်ဝန်းက ကြိုက်နှစ်သက်ကြတဲ့ ဂျပန်ပစ္စည်း ဖြစ်ပါတယ်။ ဒီကနေ့ အစီအစဉ်ကနေ လူတွေ သိပ်မသိသေးတဲ့ ဒီစက်ကို တီထွင်ဖန်တီးဖို့ ၃ နှစ်ကြာ ကြိုးစားခဲ့ရတဲ့ နောက်ကွယ်က အကြောင်းတွေကို ပြောပြပေးသွားပါမယ်။
(၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၁၆ ရက်နေ့က ထုတ်လွှင့်ခဲ့တဲ့ အစီအစဉ် ဖြစ်ပါတယ်။)

photo နောက်ဆုံးပေါ် အိမ်သုံးပေါင်မုန့်ဖုတ်စက်များ photo မူလလက်ဟောင်း အိမ်တွင်းသုံးပေါင်မုန့်ဖုတ်စက် photo မူလလက်ဟောင်း အိမ်တွင်းသုံးပေါင်မုန့်ဖုတ်စက်နဲ့ လတ်လတ်ဆတ်ဆတ် ဖုတ်ထားတဲ့ ပေါင်မုန့်လုံး photo အိမ်တွင်းသုံးပေါင်မုန့်ဖုတ်စက် တီထွင်ထုတ်လုပ်တဲ့ ကုမ္ပဏီမှာ အလုပ်လုပ်သူ မီးစ် ဝါတာနာဘဲ ခိုယိုမိ