audio
အအေးဓာတ်ကိုပေးတဲ့ Gel Sheet
ပေါ်ထွန်းခဲ့ပြီ ဂျပန်ပြည်
12မိနစ် 06စက္ကန့်

ထုတ်လွှင့်သည့်ရက် သြဂုတ်လ 5, 2020
ကြည့်ရှုနားဆင်နိုင်မည့် နောက်ဆုံးရက် သြဂုတ်လ 5, 2021

ဂျပန်ကတီထွင်ထုတ်လုပ်ပြီး ကမ္ဘာအနှံ့အထိ ပျံ့နှံ့ခဲ့တဲ့ ကုန်ပစ္စည်းတွေ ထုတ်လုပ်မှုနောက်ကွယ်က အကြောင်းတွေကို Japan's Top Inventions အစီအစဉ်ကနေ တင်ဆက်ပေးနေပါတယ်။ ဒီတစ်ကြိမ်တော့ ကိုယ်အပူချိန်မြင့်ပြီး ဖျားတဲ့အခါ အပူချိန်လျော့ကျစေဖို့အတွက် နဖူးပေါ်ကပ်လို့ရတဲ့ အအေးဓာတ်ပေးတဲ့ Gel Sheet အကြောင်း နားဆင်ရပါမယ်။ အဲဒီ Sheet တွေကို ဂျပန်နိုင်ငံမှာ ၁၉၉၄ ခုနှစ်မှာ တီထွင်ထုတ်လုပ်ခဲ့ပြီး အရက်ဘားဆိုင်တွေမှာသုံးတဲ့ လက်သုတ်ပုဝါ သာသာ လောက်ပဲ မှတ်ယူခဲ့ကြပါတယ်။ အခုဆိုရင်တော့ အဲဒီ Gel Sheet တွေကို နိုင်ငံနဲ့ ဒေသပေါင်း ၂၀ ကျော်လောက်မှာရောင်းချနေရပြီး နှစ်စဉ် သန်း ၄၀ လောက် အသုံးပြုကြပါတယ်။ အအေးဓာတ်ကိုပေးတဲ့ အဲဒီGel Sheet တွေကို တီထွင်မှု နဲ့ပတ်သက်ပြီး လူသိနည်းတဲ့ အကြောင်းအရာတွေကို တင်ဆက်ပါမယ်။
(၂၀၂၀ ပြည့်နှစ် ဇူလိုင်လ ၂၂ ရက်နေ့က ထုတ်လွှင့်ခဲ့တဲ့ အစီအစဉ် ဖြစ်ပါတယ်။)

photo အအေးဓာတ်ကိုပေးတဲ့ Gel Sheet များ photo တီထွင်ထုတ်လုပ်ရေးအဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ မီယာ့နိရှိ ခါ့ဇုဟိတို photo ကမ္ဘာအနှံ့မှာ ရောင်းချနေတဲ့ အထုပ်ကလေးများ photo အအေးဓာတ်ပေးတဲ့Gel Sheet ကို သုံးနေတဲ့ ကလေးငယ်တစ်ဦး