audio
တောင်ဆူဒန်က အားကစားသမားတွေကို လက်ခံထားတဲ့ Maebashi မြို့
အိမ်ရှင်မြို့နဲ့ သူတို့ရဲ့ဇာတ်လမ်း
13မိနစ် 48စက္ကန့်

ထုတ်လွှင့်သည့်ရက် ဒီဇင်ဘာလ 10, 2020
ကြည့်ရှုနားဆင်နိုင်မည့် နောက်ဆုံးရက် ဒီဇင်ဘာလ 10, 2021

တောင်ဆူဒန်က အပြေးအားကစားသမားတွေဟာ အိုလံပစ်နဲ့ ပါရာလင်းပစ် အားကစားပွဲအတွက် ကြိုတင်ပြင်ဆင်ဖို့အတွက် ၂၀၁၉ ခုနှစ် နိုဝင်ဘာလကတည်းက Gunma ခရိုင် Maebashi မြို့ကို ရောက်ရှိပြီး လေ့ကျင့်နေကြတာ ဖြစ်ပါတယ်။ တောင်ဆူဒန်နိုင်ငံမှာ ကာလကြာရှည်နေတဲ့ ပြည်တွင်းစစ်ကြောင့် အားကစား လေ့ကျင့်ရေးအဆောက်အအုံ လုံလုံလောက်လောက် မရှိပါဘူး။ Maebashi မြို့က အခုလို တောင်ဆူဒန် က အားကစားသမားတွေကို လက်ခံပြီး လေ့ကျင့်ပေးတာတွေကို အရှိန်မြှင့်လုပ်ဆောင်နေပါတယ်။ ဂျပန်မှာ ကာလရှည်ကြာနေနေရတဲ့ အားကစားသမားတွေကို ထောက်ပံ့ပေးဖို့အတွက် အဲဒီမြို့က ရန်ပုံငွေတစ်ရပ် ထူထောင်ထားပါတယ်။ ဒါ့အပြင် ဂျပန်နိုင်ငံတစ်ဝန်းကနေ ထည့်ဝင်တဲ့ အလှူငွေတွေကို အွန်လိုင်းကနေ ကောက်ယူစုဆောင်းနေပါတယ်။
(၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၂၆ ရက်နေ့က ထုတ်လွှင့်ခဲ့တဲ့ အစီအစဉ် ဖြစ်ပါတယ်။)

photo တောင်ဆူဒန်က အားကစားသမား ၅ ဦးပါဝင်တဲ့ အဖွဲ့တစ်ဖွဲ့ဟာ အိုလံပစ် အားကစားပွဲကို နောက်နှစ် ရွှေ့ဆိုင်းချိန် နောက်ပိုင်းမှာလည်း ဂျပန်မှာ ဆက်နေပြီး အခုဆိုရင် သူတို့ဟာ လေ့ကျင့်ရေးစခန်းမှာ ပုံမှန်ထက်ပိုပြီးတော့ ၁ နှစ်ကျော် ဆက်ပြီး နေ နေရပါတယ်။ photo အဖွဲ့ခေါင်းဆောင် Guem Abraham Majok Matet က အမျိုးသား မီတာ ၁၅၀၀ ပြိုင်ပွဲဝင် တစ်ဦး ဖြစ်ပါတယ်။ Abraham ဟာ အိုလံပစ်အားကစားပွဲတွေကို ငြိမ်းချမ်းရေး ပွဲတော်တစ်ခုအဖြစ် မျှော်လင့်ချက်ကြီးကြီးနဲ့ ဂျပန်နိုင်ငံကို လာခဲ့တာ ဖြစ်ပါတယ်။ photo အားကစားသမားတွေဟာ ဒေသခံနိုင်ငံသားတွေနဲ့ တွေ့ဆုံဖို့ အခွင့်အရေးအများကြီး ရှိပါတယ်။ အဲဒီလို စုဝေးတွေ့ဆုံကြပြီး Maebashi မြို့က လူတွေကို ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေ စဉ်းစားဖို့ အခွင့်အလမ်းတွေ စီစဉ်ပေးပါတယ်။ photo တောင်ဆူဒန်က အားကစားသမားတွေ လေ့ကျင့်ရေးစခန်းမှာ နေထိုင်ချိန် ထပ်တိုးတာကို ထောက်ပံ့ဖို့ ဂျပန်နိုင်ငံတစ်ဝန်းက ထည့်ဝင်ကြတဲ့ အလှူငွေ ဂျပန်ယန်း သန်း ၂၀ လက်ခံရရှိခဲ့ပြီး ပူးပေါင်းဆောင်ရွက်မယ့် ထောက်ပံ့သူတွေလည်း တိုးလာခဲ့ပါတယ်။