
13မိနစ် 29စက္ကန့်
ဒီတစ်ကြိမ်မှာတော့ ဖခင်ကို တောက်လျှောက်မုန်းတီးလာခဲ့သူ Akio Kuroi နဲ့ မိတ်ဆက်ပေးပါရစေ။ ဒုတိယကမ္ဘာစစ်ကပြန်လာတဲ့ Akio Kuroi ရဲ့ ဖခင်ဖြစ်သူဟာ သူ့ဘဝ တစ်လျှောက်လုံးမှာ တက်တက်ကြွကြွမရှိဘဲ အထီးကျန်စွာ ဖြတ်သန်းလာခဲ့ပါတယ်။
စစ်မြေပြင်မှာ သူဘာတွေ တွေ့ကြုံခဲ့ရသလဲ။ လွန်ခဲ့တဲ့ ၃၁ နှစ်မှာ ကွယ်လွန်သွားခဲ့တဲ့ သူ့ဖခင်ရဲ့ စစ်ပွဲကရခဲ့တဲ့ စိတ်ဒဏ်ရာတွေကို ရှာဖွေခဲ့တဲ့ နွေဦးကာလတစ်ခု အကြောင်း နားဆင်ရပါမယ်။



