13မိနစ် 30စက္ကန့်

သဘာဝဘေးအန္တရာယ်နဲ့အတူ ယှဉ်တွဲနေထိုင်ခြင်း

ဘဝဇာတ်စုံအဖုံဖုံ

ထုတ်လွှင့်သည့်ရက် မတ်လ 1, 2022 ကြည့်ရှုနားဆင်နိုင်မည့် နောက်ဆုံးရက် မတ်လ 1, 2023

၂၀၂၀ ခုနှစ် ဇူလိုင်လက ဂျပန်နိုင်ငံအနောက်ပိုင်း Kyushu ကျွန်းမှာရှိတဲ့ Kumamoto ခရိုင်မှာ စံချိန်တင် မိုးရွာသွန်းမှု ဖြစ်ပွားခဲ့ပါတယ်။ တောင်ထူထပ်တဲ့ ဒေသတွေကို ဖြတ်သန်းစီးဆင်းနေတဲ့ Kuma မြစ် ရေကြီးခဲ့တာကြောင့် အိမ်ခြေ ၄,၆၀၀ လောက် တစ်ချို့ အားလုံး ပျက်စီးပြီး တစ်ချို့ အိမ်တွေကတော့ တစ်စိတ်တစ်ပိုင်း ပျက်စီးကာ လူ ၆၅ ဦး သေဆုံးခဲ့ရပါတယ်။ ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်တွေ နှေးကွေးနေတာကြောင့် ဒေသခံတွေဟာ သူတို့ရဲ့အနာဂတ်အတွက် စိုးရိမ်ပူပန်မှုတွေ တိုးလာနေပါတယ်။ သဘာဝဘေးဒဏ်ခံဒေသမှာ နေထိုင်သူတွေရဲ့ဘဝတွေကို လေ့လာကြည့်ကြရအောင်။ (၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၅ ရက်နေ့က ထုတ်လွှင့်ခဲ့တဲ့ အစီအစဉ် ဖြစ်ပါတယ်။)

photo
Kuma ကျေးရွာရဲ့ Konose ဧရိယာဟာ ရေလွှမ်းမိုးမှုဒဏ်ကို ပြင်းပြင်းထန်ထန် ခံခဲ့ရပါတယ်။ အဲဒီက ဒေသခံ ၃၀၀ ကျော်ဟာ မိမိတို့နေအိမ်တွေနဲ့ ကီလိုမီတာအတော်ဝေးတဲ့ နေရာက ယာယီအိမ်တွေမှာ နေထိုင်နေကြရဆဲဖြစ်ပါတယ်။
photo
Kuma မြစ်ဟာ ၁၁၅ ကီလိုမီတာ ရှည်လျားပါတယ်။ မြစ်ရေကြီးမှုကြောင့် Kuma မြစ်ရဲ့ မြစ်ဝှမ်းက အစိတ်အပိုင်း အများအပြား ထိခိုက်ပျက်စီးခဲ့ရပါတယ်။
photo
Konose ဒေသခံတွေရဲ့ ၈၀ ရာခိုင်နှုန်းက သူတို့ရဲ့ နေအိမ်တွေကို ပြန်ဆောက်ဖို့ မျှော်လင့်နေကြပေမဲ့ ဒေသန္တရ အုပ်ချုပ်ရေးအဖွဲ့ရုံးက ရေလွှမ်းမိုးမှု ထိန်းချုပ်ရေးအစီအမံတွေကို အကောင်အထည်ဖော်ဖို့ အချိန် ၅နှစ် ကနေ ၁၀နှစ် လိုအပ်တယ်လို့ တွက်ဆထားကြောင်း ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။

အစီအစဉ်မိတ်ဆက်