13မိနစ် 32စက္ကန့်

မြို့ငယ်လေးမှာနေထိုင်တဲ့ LGBT တစ်ဦး

ဘဝဇာတ်စုံအဖုံဖုံ

ထုတ်လွှင့်သည့်ရက် ဖေဖေါ်ဝါရီလ 1, 2022 ကြည့်ရှုနားဆင်နိုင်မည့် နောက်ဆုံးရက် ဖေဖေါ်ဝါရီလ 1, 2023

LGBT+ လိင်စိတ်တိမ်းညွတ်မှု မတူသူ Fujiya Ami ဟာ ကျားမ ဆိုတဲ့ ခွဲခြားသတ်မှတ်မှုတွေကို သဘောမကျသူ ဖြစ်ပြီး သူဟာ တခြားသူတွေအပေါ် ချစ်ခြင်း၊ မုန်းခြင်း ခံစားချက်ကင်းတယ်လို့ ဆိုပါတယ်။ တိုကျိုမှာတုန်းက Fujiya ဟာ အမျိုးသမီးတစ်ဦးအနေနဲ့ အလုပ်လုပ်ကိုင်ခဲ့ပေလည်း ခံစားမှု စိတ်အမှန်ကို ဖုံးကွယ်ဟန်ဆောင်ပြီး မနေချင်တော့တာကြောင့် ဂျပန်အနောက်ပိုင်းက သေးငယ်တဲ့ လူမှုအသိုက်အဝန်းလေးရှိရာ မြို့ငယ်လေးကို ပြောင်းရွှေ့နေထိုင်ခဲ့ပါတယ်။ တခြားသူတွေနဲ့ ပေါင်းသင်းဆက်ဆံရာမှာ ယောကျ်ား၊ မိန်းမ ဆိုတာထက် လူသားတစ်ဦးရဲ့ ပင်ကိုယ်အရည်အချင်း ပေါ်မှာပဲ အခြေခံဆက်ဆံတာကို ဦးစားပေးတဲ့ Fujiya ဟာ ရိုးရာအစဉ်အလာအတိုင်း ကျားမ ခွဲခြားထားမှုကို စွဲစွဲမြဲမြဲ လက်ခံကျင့်သုံးတဲ့ ကျေးလက်ဒေသက မြို့ငယ်လေးမှာ နေထိုင်ဖို့ ဘယ်လို ကြိုးစားနေပါသလဲ။ နားဆင်ကြည့်ရအောင်။ (၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၁၈ ရက်နေ့က ထုတ်လွှင့်ခဲ့တဲ့ အစီအစဉ် ဖြစ်ပါတယ်။)

photo
Fujiya Ami ဟာ အကူအညီလိုအပ်တယ်ဆိုတဲ့ ကြော်ငြာတစ်ခုကို အင်တာနက်မှာ တွေ့ခဲ့ပြီးနောက် Shimane ခရိုင်မှာ ပြောင်းရွှေ့နေထိုင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
photo
မြို့နယ်ဒေသန္တရ ရုံးမှာ စာရေးအဖြစ် အလုပ်လုပ်ကိုင်ရင်းနဲ့ Fujiya ဟာ LGBT တွေရဲ့ စိတ်နေသဘောထားကို လုပ်ဖော်ကိုင်ဖက်တွေနဲ့ မန်နေဂျာတွေ နားလည်လက်ခံလာအောင် တဖြည်းဖြည်းချင်း ကြိုးစားလာခဲ့ပါတယ်။
photo
ရပ်ရွာ လူမှုအသိုက်အဝန်းရဲ့ လှုပ်ရှားမှုတွေမှာ ပါဝင်ဖို့ ကြိုးပမ်းနေတဲ့ Fujiya ကို ဒေသခံတွေက လက်ခံခဲ့ပေမဲ့ တစ်ခါတစ်ရံမှာတော့ လိင်စိတ် တိမ်းညွှတ်မှုမတူသူ လူနည်းစုဖြစ်တဲ့ Fujiya ရဲ့ ရှုမြင်ပုံတွေအပေါ် သူတို့ရဲ့ နားလည်မှု ရရှိဖို့ဟာ ခက်ခဲခဲ့ပါတယ်။

အစီအစဉ်မိတ်ဆက်