
13မိနစ် 33စက္ကန့်
ဂျပန် အနောက်ပိုင်းဒေသ ကျူးရှူး မှာရှိတဲ့ ဖုကုအိုက ခရိုင်ကလာတဲ့ ဇာတ်လမ်းတစ်ပုဒ်ပါ။ အိမ်တစ်အိမ်မှာ မသန်စွမ်းသူတွေ အတူစုပြီးနေထိုင်ကြတယ်ဆိုတာ ဂျပန်မှာအတော်ကိုရှားပါးပါတယ်။ အဲဒီလို မသန်စွမ်းသူတွေ စုပြီးနေတဲ့ အိမ်ကို ဂျပန်လို Hatake no Ie လို့ ခေါ်ပါတယ်။ အဲဒီ စုပေါင်းအိမ်မှာ နေထိုင်တဲ့ လူငယ် ၄ဦးလုံးဟာ တခြားသူတစ်ဦးဦးရဲ့ အကူအညီမပါဘဲနဲ့ ဆက်သွယ်သွားလာဖို့တောင် ခက်ခဲတဲ့ ဆိုးဆိုးရွားရွား မသန်စွမ်းသူတွေ ဖြစ်ပါတယ်။ ဒီမသန်စွမ်းသူ လူငယ်လေးတွေ တစ်ဦးနဲ့တစ်ဦး ရိုင်းပင်းကူညီပြီး ဘယ်လိုတွေ ရှင်သန်နေထိုင်နေကြသလဲ ဆိုတာ နားဆင်ပါ။ (၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၁၄ ရက်နေ့က ထုတ်လွှင့်ခဲ့တဲ့ အစီအစဉ် ဖြစ်ပါတယ်။)



