13မိနစ် 20စက္ကန့်

လယ်သမားတစ်ဖြစ်လဲအမျိုးသမီးလို ဝတ်ဆင်ဖျော်ဖြေသူ Ruludaisy

ဘဝဇာတ်စုံအဖုံဖုံ

ထုတ်လွှင့်သည့်ရက် နိုဝင်ဘာလ 30, 2021 ကြည့်ရှုနားဆင်နိုင်မည့် နောက်ဆုံးရက် နိုဝင်ဘာလ 30, 2022

ဒီတစ်ကြိမ်မှာတော့ ဂျပန်အနောက်ပိုင်းခရိုင် Wakayama က အသက် ၄၃ နှစ်အရွယ် လယ်သမား Ishigooka Daisuke ဇာတ်လမ်းတစ်ပုဒ်ကို နားဆင်ရမှာပါ။ သူဟာ အပင်တွေကို ဓာတုဗေဒ ပိုးသတ်ဆေးမသုံးတဲ့ သဘာဝအတိုင်း အော်ဂဲနစ် ဟင်းသီးဟင်းရွက်တွေကို စိုက်ပျိုးသူပါ။ ညဘက်ရောက်ရင်တော့ တခြားသူတစ်ဦးအဖြစ် အသွင်ပြောင်းသွားတာကို မြင်တွေ့ရမှာပါ။ မျက်တောင်တုကို တပ်၊ နှုတ်ခမ်းနီ ဆိုးလို့ တောက်ပတဲ့ မိန်းမဝတ်စုံနဲ့ စတိတ်စင်ပေါ်မှာ ဖျော်ဖြေနေသူ လယ်သမားတစ်ဖြစ်လဲ နာမည်ကြီး Drag Queen "Ruludaisy" ပါ။ လယ်ကွင်းထဲက Daisuke Ishigooka နဲ့ စင်ပေါ်က Ruludaisy ဟာ သူတစ်ဦးတည်းပါပဲ။ လူတစ်ကိုယ် ဘဝ ၂မျိုးနဲ့ ရှင်သန်နေတဲ့ သူ့ဘဝဇာတ်ကြောင်းကို နားဆင်ကြည့်ကြရအောင်။ (၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၁၆ ရက်နေ့က ထုတ်လွှင့်ခဲ့တဲ့ အစီအစဉ် ဖြစ်ပါတယ်။)

photo
လယ်သမားလဲဖြစ် Drag Queen ဖျော်ဖြေသူလဲ ဖြစ်တဲ့ Ishigooka Daisuke ။ Drag Queen တွေဟာ လိင်စိတ်ဝိသေသ ကွဲပြားသူလူနည်းစုကနေ မွေးဖွားလာတဲ့ အမျိုးသမီးသွင်ပြင် နဲ့ ထူးထူးကဲကဲ သရုပ်ဆောင်ပြီး ဖျော်ဖြေရင်း မိမိတို့ရဲ့ မိန်းမဆန်ဆန်ဘဝတွေကို လူတွေလက်ခံလာအောင် ကြိုးစားကြသူတွေ ဖြစ်ပါတယ်။
photo
Ishigooka ဟာ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က အသက် ၄၀ ပြည့်တဲ့အချိန်မှာ မြို့ကနေ လယ်ယာလုပ်ငန်းစလုပ်ဖို့ နယ်ကို ပြောင်းရွှေ့လာခဲ့သူပါ။ ဓာတုဗေဒနည်း နဲ့ထုတ်ထားတဲ့ ဓာတ်မြေဩဇာတွေ၊ ပိုးသတ်ဆေးတွေကို သူလုံးဝမသုံးပါဘူး။ Ishigooka ဟာ ကိုယ့်ကျန်းမာရေးအတွက်လည်း ကိုယ်တိုင်စိုက် ခြံထွက် ဟင်းသီးဟင်းရွက်တွေကိုပဲ ချက်ပြုတ်စားသောက်ပါတယ်။
photo
Drag Queen အဖြစ်မြင်တွေ့ရတဲ့ စင်မြင့်ပေါ်က Ishigooka ။ စင်ပေါ်မှာ ဝတ်တဲ့ဝတ်စုံကို သူကိုယ်တိုင် ချုပ်ပါတယ်။ ကပ်ရောဂါတွေ ကူးစက်နေချိန်အတွင်းမှာတော့ အွန်လိုင်းကနေပဲ ပရိသတ်တွေကို ဖျော်ဖြေပါတယ်။

အစီအစဉ်မိတ်ဆက်