
13မိနစ် 42စက္ကန့်
ဂျပန်နိုင်ငံ အလယ်ပိုင်း Ishikawa ခရိုင် Kanazawa မြို့မှာ နာမည်ကြီး ဆူရှီစားဖိုမှူး တစ်ဦး ရှိပါတယ်။ သူကတော့ အသက် ၈၉ နှစ်ရှိပေမယ့် ဆူရှီဆိုင်မှာ တက်ကြွစွာ လုပ်ကိုင်နေဆဲ မစ္စတာ Morita Kazuo ပဲ ဖြစ်ပါတယ်။ နှစ်ပေါင်း ၇၀ အတွေ့အကြုံရှိတဲ့ သူ့ရဲ့ လှပကျွမ်းကျင်တဲ့ ပင်လယ်စာကိုလှီးတဲ့ ဓားစွမ်းရည်နဲ့ လက်ဆမှန်မှန် နဲ့လုံးတဲ့ ဆူရှီလေးတွေက စားသုံးသူတွေ ကြိုက်အောင် ဆွဲဆောင်ထားနိုင်ပါတယ်။ မစ္စတာ Moritaရဲ့ အဓိကဆောင်ပုဒ်ကတော့ ဧည့်ဝတ်ကျေပွန်ခြင်းပဲ ဖြစ်ပါတယ်။ ဆူရှီ ဆရာကြီးရဲ့ အောင်မြင်ခြင်းလျှို့ဝှက်ချက်နဲ့ ခံယူချက်အတွေးအခေါ်တွေကို လေ့လာကြည့်ကြရအောင်။ (၂၀၂၁ ခုနှစ် အောက်တိုဘာလ ၁၉ ရက်နေ့က ထုတ်လွှင့်ခဲ့တဲ့ အစီအစဉ် ဖြစ်ပါတယ်။)



