13မိနစ် 29စက္ကန့်

စွန့်လွှတ်လက်လျှော့ လိုက်နိုင်တဲ့ စွမ်းအား

ဘဝဇာတ်စုံအဖုံဖုံ

ထုတ်လွှင့်သည့်ရက် အောက်တိုဘာလ 5, 2021 ကြည့်ရှုနားဆင်နိုင်မည့် နောက်ဆုံးရက် အောက်တိုဘာလ 5, 2022

ဒီတစ်ကြိမ်မှာတော့ Ritsumeikan Asia Pacific University (APU) ရဲ့ ဥက္ကဋ္ဌ Deguchi Haruaki အကြောင်း မိတ်ဆက်ပေးပါမယ်။ မစ္စတာ Deguchi ဟာ အသက် ၆၀ အရွယ်မှာ စွန့်ဦးတီထွင်တဲ့ လုပ်ငန်းကို အုတ်မြစ်ချ စပျိုးထောင်ခဲ့တာအပြင် တက္ကသိုလ်တစ်ခုကို အုပ်ချုပ်သူ ဥက္ကဋ္ဌ တစ်ဦးလည်းဖြစ်တဲ့ ထူးခြားတဲ့ သမိုင်းကြောင်းရှိခဲ့သူပါ။ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြီးအတွင်း သူဟာ မဂ္ဂဇင်း ဆောင်းပါးတွေမှာ မိတ်ဆက်ပေးတာခံရတဲ့အပြင် ဟောပြောပို့ချတာတွေလည်း အများကြီး လုပ်လာခဲ့ပါတယ်။ လူမှုကွန်ယက်မီဒီယာပေါ်မှာတော့ သူ့ရဲ့ Follower ပေါင်း ၁၃၀၀၀၀ ကျော်ရှိပါတယ်။ ဘာကြောင့် မစ္စတာ Deguchi ရဲ့စကားလုံးတွေကို လူအများကြီးက ကြိုက်နှစ်သက်ကြတာလဲ။ သူ့ရဲ့ ဆွဲဆောင်မှုရှိတဲ့ စကားတွေကို ထဲထဲဝင်ဝင် လေ့လာကြည့်လိုက်ကြရအောင်။ (၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၁၄ ရက်နေ့က ထုတ်လွှင့်ခဲ့တဲ့ အစီအစဉ် ဖြစ်ပါတယ်။)

photo
၂၀၀၈ ခုနှစ်မှာ လူအများရဲ့ ထောက်ခံမှုနဲ့ APU ရဲ့ဥက္ကဋ္ဌ ဖြစ်လာသူ မစ္စတာ Deguchi Haruaki
photo
ဥက္ကဋ္ဌ Deguchi Haruaki နဲ့ တက္ကသိုလ် ကျောင်းသားကျောင်းသူများ။ သူ့တက္ကသိုလ်မှာတက်တဲ့ ကျောင်းသားတစ်ဝက်လောက်က ပြည်ပနိုင်ငံတွေက လာတာ ဖြစ်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြီးအတွင်းမှာ ကျောင်းသားအများစုဟာ ခက်ခဲတဲ့အနေအထားတွေနဲ့ တွေ့ကြုံနေကြပါတယ်။
photo
စာဖတ်ခြင်းက မစ္စတာ Deguchi Haruaki က စကားလုံးတွေ ရလာတဲ့ ဗဟုသုတ ရတနာသိုက် ပဲ ဖြစ်ပါတယ်။ သူ တက္ကသိုလ် ကျောင်းသားဘဝက ဖတ်ခဲ့ရတဲ့ Charles Darwin ရဲ့ "On the Origin of Species " ဆိုတဲ့ စာအုပ်က သူ့ဘဝကို အများကြီး ပြောင်းလဲအောင် လွှမ်းမိုးနိုင်ခဲ့ပါတယ်။

အစီအစဉ်မိတ်ဆက်