
13မိနစ် 23စက္ကန့်
ဒီနေ့ ဂျပန်အနောက်ပိုင်း မိအဲ ခရိုင်မှာရှိတဲ့ အစိုးရ အထက်တန်းကျောင်းတစ်ကျောင်းကို သွားပါမယ်။ အချက်အပြုတ်လောကမှာ တိကျသေချာမှု၊ သွက်လက်ထက်မြက်မှုတွေကြောင့် နာမည်ကျော်ကြားတဲ့ စားဖိုမှူး Murabayashi Shingo ဦးဆောင်တဲ့ အဲဒီ အထက်တန်းကျောင်းက အချက်အပြုတ်ကျွမ်းကျင် ကျောင်းသူကျောင်းသားများ ကလပ်အသင်းက ဂျပန်တစ်လွှား နာမည်ကျော် ပါတယ်။ အဲဒီ စားဖိုမှူးဟာ ဒီကလပ်မှာ ၂၅နှစ်ကြာ သင်ကြားပြသခဲ့ပြီး ပင်စင်ယူရတော့မယ့် အချိန်ကို ရောက်လာပါပြီ။ သူနဲ့ သူ တပည့်တွေ နောက်ဆုံးအကြိမ် အတူတူ ချက်ပြုတ်မှာက ဂျပန်ရိုးရာနှစ်သစ်ကူး အစားအစာ Osechi ဖြစ်ပါတယ်။ နားဆင်ကြည့်ရအောင်။ (၂၀၂၁ ခုနှစ်၊ သြဂုတ်လ ၁၇ ရက်နေ့က ထုတ်လွှင့်ခဲ့တဲ့ အစီအစဉ် ဖြစ်ပါတယ်။)


