
13မိနစ် 30စက္ကန့်
ဒီတစ်ကြိမ်မှာတော့ အသက် (၄၂) နှစ်အရွယ် ဆရာဝန် Emma Otsuji Pickles ရဲ့ အကြောင်းကို တင်ဆက်ပေးမှာ ဖြစ်ပါတယ်။ ဆရာဝန် Emma ဟာ အူလမ်းကြောင်း မှာ ကုသဖို့ခက်တဲ့ ရောဂါဝေဒနာခံစားခဲ့ရပြီးတဲ့နောက် အညစ်အကြေး စွန့်ဖို့အတွက် ဝမ်းဗိုက်ကိုဖောက် ပြီး စအိုအစား "stoma"အူလမ်းကြောင်းနဲ့ဆက်ထားတဲ့အိတ် တပ်ဆင်ထားရပါတယ်။ အခု သူမဟာ ဗိုက်မှာ ဖေါက်ထားတဲ့ "stoma" ကို လှစ်ဖော်ပြတဲ့ ဘီကီနီ အလှမယ်အဖြစ်နဲ့ ကင်မရာရှေ့မှာ ကိုယ်ဟန်ပြလို့ နေပါတယ်။ သူရဲ့ဒီလို လုပ်ဆောင်မှုတွေက သူ့လိုဘဝတူ ဝေဒနာသည်တွေအတွက် အားအင်ဖြစ်စေခဲ့ပါတယ်။ ကင်မရာရှေ့မှာ ဒီလို ကိုယ်ဟန်ပြဖို့ ဘယ်အရာတွေက သူ့ကို လှုံ့ဆော်ပေးခဲ့တယ်ဆိုတာ ဒီအစီအစဉ်မှာ နားဆင်ရမှာ ဖြစ်ပါတယ်။ (၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၁၃ ရက်နေ့က ထုတ်လွှင့်ခဲ့တဲ့ အစီအစဉ် ဖြစ်ပါတယ်။)


