audio
သဘာဝဘေးအန္တရာယ်မတိုင်ခင် အမှတ်တရများအား ရှာဖွေထိန်းသိမ်းခြင်း
ဘဝဇာတ်စုံအဖုံဖုံ
13မိနစ် 38စက္ကန့်

ထုတ်လွှင့်သည့်ရက် ဇွန်လ 29, 2021
ကြည့်ရှုနားဆင်နိုင်မည့် နောက်ဆုံးရက် ဇွန်လ 29, 2022

ဘဝဇာတ်စုံ အဖုံဖုံ အစီအစဉ်ကနေ Fukushima ခရိုင် Okuma မြို့အကြောင်း တင်ဆက်ပါမယ်။ ဒီမြို့ရဲ့ကမ်းရိုးတန်းပေါ်မှာ ဖူကူရှီးမား အမှတ်(၁) နျူကလီးယား စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ တည်ရှိပါတယ်။ ၂၀၁၉ ခုနှစ်က ရေဒီယိုသတ္တိကြွပစ္စည်းတွေကို ဖယ်ရှားထားပြီးဖြစ်တဲ့ ဧရိယာတွေမှာ တိမ်းရှောင်ရေးအမိန့်တွေကို ရုပ်သိမ်းခဲ့ပြီး အခုအချိန်မှာ ပြန်လာမယ့် ဒေသခံတွေကို လက်ခံဖို့ ပြင်ဆင်မှုတွေ လုပ်နေဆဲ ဖြစ်ပါတယ်။ မြို့ရဲ့ အရင်တုန်းက အသွင်အပြင်တွေ ပျောက်ပျက်နေပြီဖြစ်ပေမယ့် ဒေသန္တရ အုပ်ချုပ်ရေးအဖွဲ့က ဖြိုဖျက်ချဖို့ ကျန်နေသေးတဲ့ ဘေးအန္တရာယ်ကြောင့် ပျက်စီးခဲ့တဲ့ နေရာတွေကနေ သိမ်းဆည်းထားတဲ့ ပစ္စည်းတွေကို ထိန်းသိမ်းဖို့ စီမံကိန်းတစ်ခုကို စတင်လုပ်ဆောင်ခဲ့ပါတယ်။ (၂၀၂၁ ခုနှစ်၊ ဇွန်လ ၁၅ ရက်နေ့က ထုတ်လွှင့်ခဲ့တဲ့ အစီအစဉ် ဖြစ်ပါတယ်။)

photo သမိုင်းဝင်ပစ္စည်းတွေကို ရှာဖွေထိန်းသိမ်းဖို့ ကြိုးပမ်းချက်ကို ၂၀၁၇ ခုနှစ်မှာ စတင်ခဲ့ပါတယ်။ ပြန်လာဖို့ ခက်ခဲတဲ့ ဇုန်” မှာ အရင်ဆုံး သူတို့တွေက ပစ္စည်းတွေမှာရေဒီယိုသတ္တိကြွမှု ပမာဏက သတ်မှတ်ထားတဲ့ အဆင့်ထက် နိမ့်သလားဆိုတာ သေချာ တိုင်းပါတယ်။ photo ရှာဖွေတွေ့ရှိခဲ့တဲ့ ပစ္စည်းတွေကို မြို့ရဲ့ ရေဒီယိုသတ္တိကြွပစ္စည်းတွေကို ဖယ်ရှားတဲ့ အားကစားရုံမှာ သိမ်းထားပါတယ်။ နေအိမ်တွေနဲ့ ပြည်သူပိုင်အဆောက်အအုံတွေဆီကနေ ပစ္စည်းပေါင်း ၉၀၀ ကျော် သိမ်းဆည်းစုဆောင်းခဲ့ပါတယ်။ photo အိုးခုမာ့ဒေသခံတွေနဲ့ ဖွဲ့စည်းထားတဲ့ ရှာဖွေကယ်ဆယ်ရေးအဖွဲ့ဝင်တွေကို ခရိုင်ရဲ့ နေရာအနှံ့အပြားမှာ တိမ်းရှောင်နေရာကနေ ရှာဖွေ ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။ အိုးခုမာ့မြို့မှာ အိမ်ထောင်စုပေါင်း ၁,၅၀၀ ကျော်ဟာ သူတို့မိသားစု ဆွေစဉ်မျိုးဆက် အမွေဆက်ခံနေထိုင် လုပ်ကိုင်လာတဲ့ မြေတွေကို စွန့်လွှတ်ရမယ့် အနေအထားနဲ့ ရင်ဆိုင်နေရပါတယ်။